spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ခွဲထွက်လက်နက်ချအဖွဲ့ လောင်းကစားဝိုင်းဖွင့်လှစ်ပြီး ရံပုံငွေရှာ

    မွန်ခွဲထွက်လက်နက်ချအဖွဲ့ လောင်းကစားဝိုင်းဖွင့်လှစ်ပြီး ရံပုံငွေရှာ

    -

    မင်းသက်ခိုင် – မွန်ခွဲထွက်လက်နက်ချ(နိုင်ရှောင်)အဖွဲ့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လောင်းကစားဝိုင်းများနေ့စဉ်ဖွင့်ပြီး ရံပုံငွေရှာနေကြသည်ဟု အမည်မဖေါ်လိုသော မွန်သံဃာတော်တစ်ပါးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ မိန့်ကြားခဲ့သည်။

    လောင်းကစားဝိုင်းများ တွေ့မြင်ရပုံ(Internet)
    လောင်းကစားဝိုင်းများ တွေ့မြင်ရပုံ(Internet)
    သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်နှင့် ကြံ့ခိုင်ရေးရပ်ကွက် ဆင်ခြေဖုန်းရှိ ရာဘာခြံတွင် နေ့ညနှစ်ချိန်ခွဲ၌ အနီထောင်၊ ဖဲဝိုင်း၊ အန်ဂလုံ စသည့်လောင်းကစားဝိုင်းများသည် ဘီယာ၊ အရက်၊ ကွမ်းယာဆိုင်များဖြင့် ဘုရားပွဲတော်ကဲ့သို့ စီစီကားကားဖွင့်လှစ်ထားသည်ဟု သိရသည်။

    ဆရာတော်က “ခွင့်ပြုချက်ရထားလို့ ဒီလိုလောင်းကစားဝိုင်းတွေဖွင့်လို့ရတာပေါ့၊ ခွင့်ပြုချက်မရှိရင် ရဲတို့စစ်တပ်တို့လာပြီးအရေးယူမှာပဲ၊ ဒါယကာအများစုကလည်း ဒီလောင်းကစားကိစ္စတွေကြောင့် အိမ်တွင်းရေးပြဿနာတွေ တက်နေကြတာ မနည်းတော့ဘူး” ဟု မိန့်သည်။

    မွန်ခွဲထွက်လက်နက်ချအဖွဲ့မှ နိုင်သိန်းဝင်း၊ နိုင်ဟရော့၊ နိုင်ဘလိုင်တို့က ယင်းလောင်းကစားဝိုင်းအား ဦးဆောင်ကြီးကြပ်၍ ငွေများကောက်ခံနေသည်ဟုလည်း ကြံ့ခိုင်ရေးရပ်ကွက်သား လောင်းကစား ဒိုင်တစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက “အရင်ကဂဒုံနိရွာမှာ လောင်းကစားဝိုင်းတွေဖွင့်ခဲ့တာ ဒီဇင်ဘာလဆန်းပိုင်းက မွန်ပြည်သစ်ပါတီ သံဖြူဇရပ်မြို့နယ်တပ်ဖွဲ့တွေ သွားဖမ်းခဲ့တယ်၊ အဲဒီကဝိုင်းပျက်ပြီး အခုလိုသံဖြူဇရပ်မြို့ဆင်ခြေဖုန်းကို နေရာပြောင်းလာတာပဲ” ဟု ပြောသည်။

    ယင်းလောင်းကစားဝိုင်းများမပိတ်ပင်ရန် မွန်ခွဲထွက်လက်နက်ချအဖွဲ့က မွန်ပြည်သစ်ပါတီအား လစဉ်ငွေကျပ်တစ်သိန်းပေးဆောင်မည်ဟု လာရောက်ကမ်းလှမ်းလာသော်လည်း လက်ခံခဲ့ခြင်း မရှိကြောင်း မွန်ပြည်သစ်ပါတီ သံဖြူဇရပ်ဆက်ဆံရေးရုံးတာဝန်ခံက ပြောသည်။

    အလားတူ ကျိုက်မရောမြို့နယ်၊ ခုနှစ်ခွေတောင်နှင့် ကျွန်းရွာအကြားရာဘာခြံတွင် အောင်ကိုကို ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့ဝင်များက လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။

    ဒေသခံတစ်ဦးက “အနီထောင် ၇ ဝိုင်း၊ ဖဲ ၇ ဝိုင်း၊ အန်ဂလုံ ၁၀ ဝိုင်း၊ ကြက်ဝိုင်းတစ်ဝိုင်း နေ့တိုင်းရှိတယ်၊ ဆိုင်ကယ်တစ်စီး ငွေငါးရာကျပ် အကောက်ပေးရတယ်” ဟု ပြောသည်။

    အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုလက်အောက်ရှိ တိုင်းရင်းသား လက်နက်ချ/ လက်နက် ကိုင်တပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့လောင်းကစားကိစ္စရပ်များအား အစိုးရအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က ဝင်ရောက်မစွက်ဖက်လိုကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks