spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံရောက်တိုင်းရင်းသားများ ကချင်စစ်ပွဲလုံးဝရပ်တန့်ရေး ဆန္ဒပြ

    ထိုင်းနိုင်ငံရောက်တိုင်းရင်းသားများ ကချင်စစ်ပွဲလုံးဝရပ်တန့်ရေး ဆန္ဒပြ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကချင်ဒေသအတွင်း ပြင်းထန်သောအစိုးရထိုးစစ်များလုံးဝရပ်တန့်ရေးအတွက် ထိုင်းနိုင်ငံရောက် တိုင်းရင်းသားများက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ ယမန်နေ့နံနက် ၁၀ နာရီခန့်တွင် ကျွေးကြော် သံများဖြင့် ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ကချင်အရေးကြောင့် မလေးရှားနိုင်ငံတွင် မွန်လူငယ်များ ဆန္ဒပြခဲ့စဉ်
    ကချင်အရေးကြောင့် မလေးရှားနိုင်ငံတွင် မွန်လူငယ်များ ဆန္ဒပြခဲ့စဉ်
    ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားများဖြစ်ကြသော အလုပ်သမားများ၊ တက္ကသိုလ်ကျောင်းသား/သူများ စုစုပေါင်း အင်အား ၁၂၀ ကျော်ကို တစ်နာရီဝန်းကျင်းခန့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည်ဟု တက်ရောက်ဆန္ဒပြခဲ့သူ ကချင်တိုင်းရင်းသား လနုနန်က ပြောသည်။

    ၎င်းက “ကချင်စစ်ပွဲထိုးစစ်ဆင်လုံးဝရပ်တန့်ဖို့၊ ဖြစ်နိုင်ရင် ကျနော်တို့ကချင်ပြည်နယ်ထဲမှာ အစိုးရစစ်တပ်တွေလုံးဝရုပ်သိမ်းသွားပေးဖို့ အဲဒီလိုရုတ်သိမ်းပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဖြစ် လာနိုင်တဲ့အဆင့်ရှိနေတယ်ဆိုတာကို ကျနော်တို့ အဓိကဖော်ထုတ်ခဲ့တယ်” ဟု ပြောသည်။

    ယမန်နေ့နံနက်ပြုလုပ်သည့်ဆန္ဒပြပွဲကို နံနက် ၁၀: ၁၅ မှ ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ထို့အပြင် ကချင်ဒုက္ခသည်တစ်သိန်းကျော်တို့နှင့် လူမျိုးစုတစ်ခုကဲ့သို့ စည်းစည်းလုံးလုံး အတူတကွ ရပ်တည်ရေးအတွက် မြန်မာနိုင်ငံအစိုးရကို အောက်ပါအတိုင်း ဆန္ဒပြတောင်းဆိုလိုက်သည်။

    စစ်လေယာဉ်နှင့် လက်နက်ကြီးများသုံးပြီး ကချင်တရုတ်နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းသို့ ပစ်ခတ်ခြင်းဖြင့် ကေအိုင်အို ကေအိုင်အေနှင့် ကချင်အရပ်သားများကို တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန်၊ ကေအိုင်အေ ကိုအိုင်အိုအပေါ် စစ်ရေးအရ ဖိအားပေမှုများ၊ ၎င်းတို့၏ ဌာနချုပ်ကို မြန်မာ့စစ်သားများနှင့် တိုက်ပွဲဆင်နွှဲနေမှုကို ချက်ချင်းရပ်တန့်ရန်၊ ဒေအတွင်း အစိုးရမဟုတ်သော အဖွဲ့များကို ကချင်ဒုက္ခသည်စခန်းများသို့ လွတ်လပ်စွာ သွားရောက်ခွင့် အကူအညီပေးခွင့်ကို မြန်မာအစိုးရမှ ခွင့်ပြုရန်၊

    မြန်မာစစ်သားများကို စစ်တန်းလျှားဆီသို့ ပြန်လည်ဆုတ်ခွာစေပြီးနောက် တိုင်းရင်းသားလက် နက်ကိုင်များနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ချက်ချင်းစတင်အကောင်အထည်ဖော်ရန် စသည်ဖြင့် ပိုစတာများကိုင်ဆောင်ကာ ကျွေးကြော်ခဲ့သည်ဟု သူက ပြောသည်။

    ကချင်ဒေသစစ်ပွဲချက်ချင်းရပ်ရေးအတွက် ပြီးခဲ့သည့် ဇန်နာဝါရီလ ၇ ရက်နေ့က မလေးရှားနိုင်ငံ ရောက်တိုင်းရင်းသား ၅၀ဝ ကျော် မြန်မာသံရုံးရှေ့၌ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

    အလားတူ ကချင်ပြည် လိုင်ဇာမြို့အနီးရှိ တရုတ်ပြည်ဘက်ခြမ်း နားပန်မြို့အနီးမှ တရုတ်ပြည်နယ် အသီးသီကဆင်းသက်လာသည့်(တရုတ်ပြည်ဖွား) ကချင်အမျိုးသား ၈၀ဝ ကျော်ခန့် တရုတ်-မြန်မာ နယ်စပ်၌ လူစုလူဝေးပြုလုပ်ပြီး မြန်မာအစိုးရဘက်က ထိုးစစ်ဆင်ရေးလုံးဝရပ်တန့်ရန် လိုင်ဇာမြို့ကိုဝင်ရန်ကြိုးစားရာမှာ တရုတ်ပြည်က တာဝန်ရှိရဲများက တားဆီးပိတ်ပင်ခဲ့ကြောင်း သတင်းစာမျက်နှာများတွင် ဖော်ပြပါရှိသည်။

    ထို့နောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅ ကြိမ်မြောက် ‘ကချင်ပြည်နယ်နေ့’ တွင် ပြည်နယ် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်ခွင့်ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူကပြောသည်ဟု အင်တာနက်သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။

    ၂၀၁၃ ခု ဇန်နဝါရီလ ၆ ရက်နေ့ ခရစ်စမတ်ကာလမှ မြန်မာအစိုးရတပ်ဖွဲ့က စစ်ရေးအရှိန်မြှင့်တင်၍ KIA ရှေ့တန်းစခန်းထောက် နေရာဖြစ်သည့် လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်ကလေကြောင်းပစ်ကူတိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့ပြီး KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ဘက်သို့ ၁၂၀ မီလီမီတာ အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြခဲ့သည်။

    ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်(၁၁) ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်နဝါရီလ ၇ ရက်နေ့မှ ၄ ရက်ကြာ ကျင်းပခဲ့သည့် ဒုတိယအကြိမ်ညီးလာခံမှ ကချင်ဒေသတွင်း မြန်မာအစိုးရ၏ ပြင်းထန်သော ထိုးစစ်များဆက်လက်ပြုလုပ်နေပါက တစ်ခုခု တစ်နည်းနည်းဖြင့် ပြုလုပ်သွားရန် ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟု UNFC မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks