spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်တိုင်းရင်းဘာသာအချပ်ပိုဖြင့် သံလွင်တိုင်းဂျာနယ် ထုတ်ဝေနိုင်ရန် စီစဉ်နေ

    မွန်တိုင်းရင်းဘာသာအချပ်ပိုဖြင့် သံလွင်တိုင်းဂျာနယ် ထုတ်ဝေနိုင်ရန် စီစဉ်နေ

    -

    အဇာတာ – ငွေရေးကြေးရေးအခက်အခဲကြောင့် ထုတ်ဝေရေးခေတ္တရပ်နားထားသော သံလွင်တိုင်းဂျာနယ်ကို လာမည့် ဇန်နာဝါရီလ ၁၀ ရက်နေ့တွင် ယခင်ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေးသွာမည်ဖြစ်ပြီး အခြေအနေပေးပါက မွန်တိုင်းရင်းသားဘာအချပ်ပိုကိုလည်း ထုတ်ဝေသွားမည်ဟု အယ်ဒီတာအဖွဲ့ဝင် ကိုမင်းမင်းနွယ်က ပြောသည်။

    သံလွင်တိုင်းမ်ဂျာနယ်(သံလွင်တိုင်းမ်း)
    သံလွင်တိုင်းမ်ဂျာနယ်(သံလွင်တိုင်းမ်း)
    ကိုမင်းမင်းနွယ်က “ဒီလ ၁၀ ရက်နေ့ဆို အရင်ပုံမှန်အတိုင်း ပြန်ပြီး ထုတ်သွားမယ်၊ လက်ရှိရေးသားနေတာက တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ် ဒေသရှိ သတင်းတွေကို ရေးသားနေတယ်ဆိုတော့ စာဖတ် ပုရိသတ်တွေဆီက အဓိက မွန်ဘာသာကိုပါ ထုတ်ဝေပေးဖို့ တောင်းဆိုလာကြတယ်၊ သံလွင်တိုင်းဂျာနယ် ဆက်မထုတ်နိုင်လို့ တစ်ခါတည်း ရပ်နားသွားမှာကို စာဖတ်သူတွေက စိုးရိမ်နေကြတယ်” ဟု ၎င်းကပြောသည်။

    သံလွင်တိုင်းမ်ဂျာနယ်သည် အဓိက အခြေစိုက်ရေးသားနေသည့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဖြစ်ပြီး ဒေသသတင်းအတွက် တိုင်းရင်းသာဘာသာဖြင့် ဖတ်ရှူနိုင်ရန် တိုင်းရင်းသားဘာသာထုတ်ဝေးရေးကိုလည်း စီစဉ်သွားမည်ဟု ၎င်းက ပြောသည်။

    ၂၀၁၂ ဒီဇင်ဘာလ ၂၈ ရက်က တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေနိုင်ကြောင်းကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေခွင့်ပြုပေးခဲ့ပြီး မိမိတို့ မြန်မာဘာသာ တစ်မျိုးတည်း ထုတ်ဝေခွင့်ရထားသော ၎င်းတို့ဂျာနယ်မှာ နောက်ထပ် အဓိက မွန်ဘာသာကိုလည်း ဆက်လက် ထုတ်ဝေသွားမည်ဟု သိရသည်။

    “လက်ရှိ မြန်မာဘာသာတစ်ခုတည်း ထုတ်ဝေခွင့်ရပြီးသား သံလွင်တိုင်းဂျာနယ်ကို နောက်ထပ် မွန်၊မြန်မာ နှစ်ဘာသာ တရားဝင် ထုတ်ဝေခွင့်နှင့် ဖြန်ချိခွင့် ကျွန်တော်တို့သွားလျောက်မယ်၊ နှစ်ဘာသာဆိုတော့ အုပ်ရေကတော့ ၂၀ဝ၀ လောက် ထပ်တိုးဖို့ရှိမယ်” ဟု ကိုမင်းမင်းနွယ် ကပြောသည်။

    စာဖတ်ပုရိသတ်များက မိမိဒေသမှ ဖြစ်ပွားနေသော သတင်းအကြောင်းအရာများကို သံလွင်တိုင်းဂျာနယ်မှ ဖတ်ရှုရသည့်အတွက် နှစ်သက်အားရကြပြီး သတင်းအရေးအသားပိုင်းမှာ သတင်းနှင့် မိမိတို့၏အမြင်ကို ရောနှောရေးသားထားသဖြင့် သတင်းအရေးအသားအပိုင်းမှာ အားနည်းနေသေးသည်ဟု သံလွင်တိုင်းဂျာနယ် စာဖတ်ပုရိတ်သတ်တစ်ဦးဖြစ်သူ နိုင်မင်းမွဲကပြောသည်။

    "ကောင်းတဲ့အချက်တွေက မွန်စာမဖတ်တတ်သူတွေက ဗမာလိုရေးထားတဲ့ မွန်တွေရဲ့အကြောင်းကို သိခွင့်ရကြတယ်၊ စာဖတ်သူတွေက သူတို့အကြောင်း သံလွင်တိုင်းဂျာနယ်မှာပါလတယ်ဆိုတော့ ပျော်ကြတာပေါ့ ဒါပေမယ့် သတင်းတွေကို ဖတ်လိုက်ရင် သတင်းထက် သတင်သမားရဲ့ အမြင်အာဘော်တွေ ရေးထည့်ထားတယ်ဆိုတော့ ဖတ်ရသူအနေနှင့် မိမိ သတင်းအပေါ် ယုံကြည်မှုတွေ ထိခိုက်သွားနိုင်တယ်” ဟု နိုင်မင်းမွဲကပြောသည်။

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က သံလွင်တိုင်းဂျာနယ်မှ ဝင်ငွေထွက်ငွေစာရင်းရှင်းတန်း၊ အစုရှယ်ယာရှင်များ၏သဘောထားနှင့် ရှေ့ဆက်လုပ်ငန်းစဉ် ဆွေနွေးမှု အစည်းအဝေးကြီး တစ်ခုပြုလုပ်ခဲ့ကြသည်။

    ထိုအစည်းအဝေး ဆုံးဖြတ်ချက်မှ ရှယ်ယာရှင်အသစ်များ မပါဝင်ခဲ့သော်လည်း ယခင်ရှယ်ယာရှင် အဟောင်းတွေကနေ လက်ရှိပုံမှန် ငွေကြေးအင်အားဖြင့် ပုံမှန်အတိုင်း ဆက်လက် ထုတ်ဝေသွားမည့်အပြင် တိုင်းရင်းသား ဘာသာ အဓိကမွန်ဘာသာကိုပါ ထုတ်ဝေနိုင်ရန် သဘောတူညီချက်တွေ ရရှိခဲ့သည်ဟု ကိုမင်းမင်းနွယ်က ဆက်ပြောသည်။

    သံလွင်တိုင်းဂျာနယ်သည် ၂၀၁၂ မေလ ၇ ရက်နေ့မှ တစ်လတစ်ကြိမ် စတင်ထုတ်ဝေဖြန့်ချိခဲ့ပြီး နောက်ပိုင်းတွင် တစ်လ ၂ ကြိမ် ထုတ်ဝေနိုင်ရာမှ ၂၀၁၂ ဒီဇင်ဘာလ ၁၂ ရက်နေ့ သံလွင်တိုင်းဂျာနယ် အတွဲ (၁) အမှတ် (၁၂) နောက်ဆုံးထုတ်ဝေခဲ့ပြီး ခေတ္တရပ်နားခဲ့ကာ ယခုတစ်ဖန် အတွဲ(၂) အမှတ်(၁)ကို ဆက်လက်ထုတ်ဝေလာနိုင်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks