Friday, March 13, 2026
More
    spot_img
    Homeသတင်းတနင်္သာရီဝန်ကြီးချူပ်နှင့်အဖွဲ့ ထိုင်းစက်မှုဇုန်များကို သွားရောက်လေ့လာမည်

    တနင်္သာရီဝန်ကြီးချူပ်နှင့်အဖွဲ့ ထိုင်းစက်မှုဇုန်များကို သွားရောက်လေ့လာမည်

    -

    Dawei Watch -တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် အဖွဲ့သည့် ထိုင်းနိုင်ငံရှိ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါသည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒု အတွင်းရေးမှုး ဦးအေးဟန်ထံမှ သိရသည်။

    ထားဝယ်မြို့ လွပ်လပ်ရေးနေ့ ပြခန်းဖွင့်ပွဲတွင် တွေ့ရသော ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့ဝင်များ(D-W)
    ထားဝယ်မြို့ လွပ်လပ်ရေးနေ့ ပြခန်းဖွင့်ပွဲတွင် တွေ့ရသော ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့ဝင်များ(D-W)
    အဆိုပါ ငါးရက်ကြာခရီးစဉ်သည် ဇန်နဝါရီလ ၇ ရက်နေ့မှာ ၁၂ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ မည်သည့် စက်မှုဇုန်များကို သွားရောက်လေ့လာမည် ၊ မည်သည့်နေရာများကို သွားမည် စသည့် ခရီးစဉ် အတိအကျကို မူ မသိရသေးကြောင်း ဦးအေးဟန်က ဆိုသည်။

    “ အီတာလျှံ ထိုင်း ကုမ္ပဏီက စီစဉ်တာပါ။ လက်ရှိတော့ ဘယ်စက်မှုဇုန်တွေကို သွားမယ်ဆိုတာ မသိသေးပါဘူး” ဟု ဦးအေးဟန်က ရှင်းပြသည်။

    ထားဝယ်ဒေသတွင် မည်သည့် လုပ်ငန်းများ အကောင်အဖော်ဆောင်ရွက်သင့်သည်ကို အကြံပြုဆွေးနွေးနိုင်ရန်အတွက် ယခုကဲ့သို့ သွားရောက်လေ့လာခြင်းဖြစ်ကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသည့် ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဦးက ဆိုသည်။

    အဆိုပါ ခရီးစဉ်တွင် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးအပါအဝင် သုံးဦး၊ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံ စီးပွာရေး လုပ်ငန်းရှင်များလည်း ပါဝင်သည်။

    “ အဓိကကတော့ ဒေသအတွက် လိုက်ဖက်ညီတဲ့ ဟာတွေက ဘာတွေလဲ ဆိုတာကို သွားရောက်လေ့လာတာပါ” ဟု ဦးကျော်ဦးက ဆိုသည်။

    ထို့အပြင် ထားဝယ် လုပ်သားများ အများဆုံးလုပ်ကိုင်နေသော မဟာချိုင်ကို သွားရောက်မည် ဖြစ်ပြီး ထားဝယ်ဒေသ မေတ္တာမြို့နှင့် တောင်သုံးလုံး ဒေသ တို့အနီးတွင် လုပ်ကိုင်နိုင်သည့် အပန်းဖြေစခန်း ကဲ့သို့သော နေရာများကိုလည်း သွားရောက် လေ့လာမည်ဖြစ်ကြောင်း ဦးကျော်ဦးက ဆိုသည်။

    အီတာလျှံထိုင်း ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

    အီတာလျှံထိုင်း ကုမ္ပဏီသည် ထားဝယ်စီမံကိန်းကို စတင်အကောင်အထည်ဖော်စဉ်က အကောင်အထည် ဖော်သူအဖြစ် ပါဝင်ခဲ့သော်လည်း ဘဏ္ဍာရေး အခက်အခဲအပါအဝင် အခြား အခက်အခဲများကြောင့် ထိုင်းနှင့် မြန်မာ အစိုးရခြင်း ချိတ်ဆက်လုပ်ကိုင်သည့် စီမံကိန်းအဖြစ် ပြောင်းလဲခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks