spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မွန်ဒီမိုကရေစီပါတီ သဘောထား ထုတ်ပြန်

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မွန်ဒီမိုကရေစီပါတီ သဘောထား ထုတ်ပြန်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရသည် ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒပြနေကြသော ရဟန်းရှင်လူ ပြည်သူများကို ၂၉-၁၁-၂၀၁၂ ရက်နေ့ နံနက်တွင် လောင်ကျွမ်းဒဏ်ရာများ ရရှိစေပြီး ရက်စက်စွာ အင်အားအလွန်အကျွံ အသုံးပြု လူစုခွဲ ချေမှုန်းခြင်းကြောင့် ဝမ်းနည်းကြေကွဲမိကြောင်း

    မွန်ဒီမိုကရေစီပါတီ (MDP) က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သဘောထား ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

    မွန်ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက “လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြနေတဲ့ ရဟန်းရှင်လူတွေကို ရက်ရက်စက်စက် ဖြိုခွင်းတာဟာ ဒီမိုကရေစီကို ခြေဆန့်နေတဲ့ သမ္မတကြီး အစိုးရရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ လုပ်ရပ်များနဲ့ ဆန့်ကျင်နေပါတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် နောက်နောင် ဒီလိုမျိုး ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းခြင်း မပြုဖို့နဲ့ ကောင်းရာကောင်းကြောင်း ဖြစ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ဆိုတဲ့ ယဉ်ကျေးမှုတရပ် ထွန်းကားလာဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ပြောသည်။

    ဤလုပ်ရပ်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဖျက်ဆီးရာ ရောက်ကြောင်းနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ ငြိမ်းချမ်းရေးစသော အမျိုးသားပြဿနာကို ဖြေရှင်းရန်အတွက် တဖွဲ့တယောက်ဖြင့် လုပ်၍မရနိုင်၊ နိုင်ငံသားများ အားလုံးပါဝင်သော ဘုံလုပ်ငန်းစဉ်နှင့်အညီ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံညှိနှိုင်း အဖြေရှာရန် အထူးလိုအပ်နေပါသည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံသမ္မတရုံး အမိန့်အမှတ် ၉၅/၂၀၁၂။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ၁၆ ဦးပါ စုံစမ်းရေး ကော်မတီကို သမ္မတဦးသိန်းစိန် က ဖွဲ့စည်းပေးခဲ့သည်။

    ထိုအဖွဲ့အစည်းသည် အဂတိ မလိုက်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်းနှင့် ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ရန် ကမ္ဘာသိ ကြွေးကြော်နေသော ဦးသိန်းစိန် အစိုးရသည် အကြမ်းဖက်မှု မှန်သမျှကို ရှောင်ရှား၍ ပွင့်လင်းမှုများကို ညှိနှိုင်းဖြေရှင်းပေးပါရန် တိုက်တွန်းပြောဆိုခဲ့သည်။

    လက်ရှိ အာဏာရှိ အစိုးရနှင့် အပေါင်းအပါများသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းယူချိန်မှ စ၍ ၂၀ဝ၇ ခုနှစ် သံဃအရေးခင်းတွင် အကြမ်းဖက်နှိမ်နင်းမှု ပြုခဲ့သည်ကို ရဟန်းပြည်သူ ကျောင်းသူကျောင်းသား အများအပြား သေဆုံးကာ ရာနှင့်ချီ၍ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ယခုလည်း အစဉ်အလာမပျက် ပိုမိုပြင်းထန်စွာ မီးလောင်ဗုံးများ အသုံးပြုခဲ့သည်မှာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပြန်ပါသည်ဟု အထက်ပါ ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

    မွန်ဒီမိုကရေစီပါတီ MDP သည် ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ နေပြည်တော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

    မွန်ဒီမိုကရေစီပါတီ MDP သည် ယခင်မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်ဖြင့် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာ အနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks