Friday, March 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်- ရေး- မလွှဲတောင် လမ်းပိုင်း ပြည်သူ့ဆောက်လုပ်ရေးဌာနသို့ လွှဲပြောင်း

    မော်လမြိုင်- ရေး- မလွှဲတောင် လမ်းပိုင်း ပြည်သူ့ဆောက်လုပ်ရေးဌာနသို့ လွှဲပြောင်း

    -

    မင်းတော်လဝီ – မော်လမြိုင်- ရေး- မလွှဲတောင် လမ်းပိုင်းကို အေးကိုမိသားစု ဆောက်လုပ်ရေး ကုမ္မဏီ လီမိတက်က ဘီအိုတီစနစ်နှင့် တာဝန်ယူ မဆောက်လုပ်နိုင်တော့သဖြင့် ပြည်သူ့ဆောက်လုပ်ရေးဌာနသို့ လွှဲပြောင်းလိုက်ကြောင်း သံဖြူဇရပ်မြို့ ဆောက်လုပ်ရေး ဝန်ထမ်းတဦးက ပြောသည်။

    သံဖြူဇရပ်-ရေး မော်တော်ကားလမ်းမကြီး (IMNA)
    သံဖြူဇရပ်-ရေး မော်တော်ကားလမ်းမကြီး (IMNA)
    “အေးကိုကုမ္မဏီက ဘီအိုတီစနစ်နဲ့ မလုပ်နိုင်တော့ဘူး ဆိုပြီးတော့ ဒီ ၂၀၁၂ ခု အစောပိုင်းမှာ ကျနော်တို့ ဆောက်လုပ်ရေးဌာနကို လွှဲပြောင်းပေးလိုက်တယ်၊ အခု ဒီလမ်းပိုင်းကို ကျနော်တို့ပဲ လမ်းပြုပြင်ရေးမှာ တာဝန်ယူ ဆောက်လုပ်နေတယ်” ဟု အထက်ပါဝန်ထမ်းက ပြောသည်။

    ထိုလမ်းပိုင်းအတွင်းရှိ သံဖြူဇရပ်မြို့နယ် လမ်းပိုင်းအတွက် မြို့နယ်ပြည်သူ့ဆောက်လုပ်ရေး အင်ဂျင်နီယာများဖြင့် ပြုပြင်နေပြီး ရေးမြို့နယ်ဘက်ပိုင်းတွင် ရေးမြို့ ပြည်သူ့ဆောက်လုပ်ရေး အင်ဂျင်နီယာများမှ တာဝန်ယူ ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

    ထို့အပြင် လမ်းအသုံးပြုခကို ယခုအခါ သက်ဆိုင်ရာမြို့နယ် ဆောက်လုပ်ရေးမှ သတ်မှတ်နှုန်းအတိုင်း ကန်ထရိုက်စနစ်ဖြင့် ကောက်ခံနေပြီ လမ်းများကိုလည်း အပိုင်းလိုက် တာဝန်ယူ ဆောက်လုပ်နေပြီဟု ၎င်းဝန်ထမ်းက ပြောသည်။

    အေးကိုမိသားစု ဆောက်လုပ်ရေး ကုမ္မဏီမှ တာဝန်ရှိသူတဦး ဖြစ်သူ ဦးအောင်ကျော်မိုးက “ကျနော်တို့ တာဝန်ယူထားတဲ့ ဘီအိုတီစနစ်နဲ့ လမ်းပြုပြင်ဖို့ကို မလုပ်နိုင်တော့ဘူး။ ရှင်းရှင်းပြောရရင် ကျနော်တို့နဲ့ မကိုက်ညီဘူး။ ဒါကြောင့် ဒီဆောက်လုပ်ရေးဌာနကို လွှဲပြောင်းလိုက်တယ်” ဟု ပြောသည်။

    လမ်းမိုင်အရှည် (၁၁၂) မိုင် (၆) ဖာလုံရှိသော မော်လမြိုင်- ရေး- မလွှဲတောင် လမ်းပိုင်းကို အေးကိုမိသားစု ဆောက်လုပ်ရေး ကုမ္မဏီ လီမိတက်က ၁၆.၃.၂၀၁၁ ရက်နေ့မှ စတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့် တည်ဆောက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခဲ့သည်။

    “လမ်းပြုပြင်ထိန်းသိမ်းမှုတွေ ပုဂ္ဂလိက ကုမ္ပဏီတွေကို ကန်ထရိုက်စနစ်နဲ့ မပေးခင်က လမ်းဘေးနှစ်ဖက်က တော်တော်ကျဉ်းတယ်။ အခု လမ်းပုခုံး ဟိုဘက်ဒီဘက် ချဲ့ထုတ်ထားတော့ နည်းနည်းကျယ်လာတယ်။ ဒါပေမယ့် ချိုင့်တွေ၊ လှိုင်းထတာတွေ ရှိနေတုန်းပဲ၊ အထူးသဖြင့် သံဖြူဇရပ်နဲ့ ရေးလမ်းပိုင်းပဲ” ဟု ရေး- မော်လမြိုင် ခရီးသည်တင် မော်တော်ယာဉ်မောင်းတဦးက ပြောသည်။

    မော်လမြိုင်-ရေး-မလွှဲတောင် လမ်းပိုင်းအား၂၀၁၂-၂၀၁၃ ခုနှစ်မှာ စံချိန်စံညွှန်းနှင့်အညီ ဖောက်လုပ်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သန်းပေါင်း (၂၂၆၀ ) ကို ခွင့်ပြုထား၍ လမ်းမိုင်အရှည် (၇၅) မိုင် ( ၆ ) ဖါလုံ၊ အကျယ် (၁၂) ပေကို ဆောက်လုပ်ရန်အတွက် မွန်ပြည်နယ် ပြည်သူ့ဆောက်လုပ်ရေးအား တာဝန်ပေးထားကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် အစိုးရထုတ်သတင်းစာတွင် ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks