spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းလယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများ မသမာသူများထံမှ မဝယ်ယူရန် သတိပေး

    လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများ မသမာသူများထံမှ မဝယ်ယူရန် သတိပေး

    -

    မင်းတော်လဝီ – စံချိန်စံညွှန်းနှင့် မကိုက်ညီဘဲ မှတ်ပုံတင်ထားခြင်း မရှိသည့် အမျိုးအစားမမှန် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များကို မသမာသူများထံမှ တောင်သူများ မဝယ်ယူမိရန် လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒီဇင်ဘာလ (၄) ရက်နေ့က အစိုးရထုတ် သတင်းစာများတွင် အသိပေးထားသည်။

    မြင်းကျားကွန်ပေါင်း ဓါတ်မြေသြဇာ (Internet)
    ၎င်းပြင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစပါး၊ သီးနှံမျိုးစေ့များကို ဖြန့်ချီရောင်းချသည့် မသမာသူများကိုလည်း စိစစ်ဖေါ်ထုတ်ပြီး သက်ဆိုင်ရာ မြို့နယ်များမှ အရေးုယူမှုများ ဆောင်ရွက်ပေးရန်လည်း နှိုးဆော်ထားသည်။

    “အရင်တုန်းက စိုက်ပျိုးရေးဌာနက ပိုးသတ်ဆေး အမျိုးမျိုး ရောင်းပေးနေတော့ အဆင်ပြေတယ်၊ အခုမရောင်းတော့ အပြင်ဆိုင်က ဝယ်သုံးနေရတာ ပိုးနဲ့ဆေးနဲ့ မကိုက် ဖြစ်သွားတာ ရှိတယ်” ဟု သထုံမြို့နယ် ဂေါ့ကွင်း လယ်သမားတဦးက ပြောသည်။

    စံချိန်စံညွှန်းနှင့် မကိုက်ညီသော၊ မှတ်ပုံတင်ထားခြင်း မရှိသော၊ အမျိုးအစား မမှန်သော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များကို သုံးစွဲမိခြင်းဖြင့် တောင်သူများ အကျိုးမရှိခြင်းနှင့် သီးနှံ အရည်အသွေး ညံ့ဖျင်းခြင်းများကို ဖြစ်ပေါ်စေသည်ဟုလည်း ၄င်းက ပြောသည်။

    ယခုအချိန်တွင် စိုက်ပျိုးရေး ဦးစီးဌာနအဖြစ် ပြောင်းလဲလိုက်ပြီးနောက် သုတေသနနှင့် စိုက်ပျိုးပညာပေးရေးကို ဦးစားပေး လုပ်ကိုင်လာရသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်း အသုံးအဆောင်ပစ္စည်းများကို ပုဂ္ဂလိကအရောင်းဆိုင်များမှ ရောင်းဝယ်နေကြသည်ဟု မွန်ပြည်နယ် သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

    ၎င်းက “သထုံမြို့ပေါ်က စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် (၁၃) လောက်က တရားဝင် ရောင်းချခွင့် လက်မှတ် ထုတ်ပေးထားပြီးပြီ၊ တချို့ဆိုင်တွေ ကျန်သေးတယ်၊ စိစစ်ပြီး မှတ်ပုံတင်ခိုင်းထားတယ်” ဟု ပြောသည်။

    စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနကလည်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များသို့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး အမျိုးမျိုးနှင့် မျိုးစေ့များ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် စည်းမျဉ်း၊ ဥပဒေများကို ပေးပို့ထားပြီးဟုလည်း ဆိုသည်။

    “လောလောဆယ် စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ အမျိုးအစားမမှန်တဲ့ မှတ်ပုံမတင်ထားတဲ့ အထူးသဖြင့် ဓါတ်မြေ၊ ပိုးသတ်ဆေးတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်၊ ပစ္စည်းမှန် ဈေးမှန်၊ တရားဝင် ရောင်းနေသူအတွက် ပိုကောင်းတယ်” ဟု ပဲခူးမြို့ ရတနာမြေ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်က ပြောသည်။

    မှတ်ပုံတင် ခွင့်ပြုချက်ဖြင့် ရောင်းချသော စိုက်ပျိုးရေးသုံး ပစ္စည်းများကို ကုမ္ပဏီကြီးများမှတဆင့် လက်လီအရောင်းဆိုင်များသို့ ရောင်းချပြီး အရောင်းကိုယ်စားလှယ်များအနေဖြင့် စိုက်ပျိုးရေးဘွဲ့ရများကို ခန့်ထားသည်ဟုလည်း ထိုအရောင်းဆိုင်က ပြောသည်။

    ထို့နောက် မိုးစပါး ရိတ်သိမ်းဆဲနှင့် ဆောင်းသီးနှံကို စိုက်ပျိုးနေပြီး နွေစပါးစိုက်ပျိုးရန် ပြင်ဆင်နေသည့် အချိန်အခါလည်း ဖြစ်၍ လယ်သမားများ လိုအပ်သည့် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့များကို လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးကို ထောက်ရှု၍ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်များ၏ တရားဝင်မှု ရှိမရှိုကို သီးနှံကာကွယ်ရေး ဝန်ထမ်းများက စိစစ်ဆောင်ရွက်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks