spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းနီပွန်ဖောင်ဒေရှင်းဥက္ကဌ မွန်ပြည်သစ်ပါတီ နယ်မြေသို့ သွားရောက်လေ့လာ

    နီပွန်ဖောင်ဒေရှင်းဥက္ကဌ မွန်ပြည်သစ်ပါတီ နယ်မြေသို့ သွားရောက်လေ့လာ

    -

    ခတ္တာနန်း – မြန်မာနိုင်ငံ တိုင်းရင်းသား နယ်စပ်ဒုက္ခသည် အရေးပေါ်အကူအညီပံ့ပိုးမှုဖြင့် နီပွန်ဖောင်ဒေးရှင်း (The Nippon Foundation)နှင့် သဘောတူညီပြီးနောက်ပိုင်း ယခုလ ၂၄ ရက်နေ့တွင် နီပွန် ဖောင်ဒေးရှင် ဥက္ကဌ Yohei Sasakawa က မွန်ပြည်သစ်ပါတီ နယ်မြေသို့ ပထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့သည်။

    နီပွန်ဖောင်ဒေးရှင် အနေနှင့် မိမိတို့ ထောင့်ပံ့မည့် နယ်စပ် ဒုက္ခသည် တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရင်းနှီးမှု ပိုမိုးရရှိရေးအတွက် ရည်ရွယ်သည့် ခရီးစဉ်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။

    ၎င်းက “အခုလို သူတို့သွားတာက မွန်ပြည်သစ်ပါတီနဲ့ ပိုပြီး ရင်နှီးမှု ရဖို့အတွက်ကို ရည်ရွယ်တာပဲ၊ နောက်ပြီး လက်နက်ကိုင် တိုင်းရင်းသားနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ဖြစ်နိုင်တဲ့ နည်းလမ်းကနေ သူတို့ ကြားဝင်ပြီး အကူအညီးပေးသွာမယ်” ဟု ပြောသည်။

    ထို့အပြင် လက်ရှိမွန်ပညာရေးအခြေအနေနှင့် ပတ်သက်၍ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ Yohei Sasakawa သည် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ဗဟိုအုပ်ချုပ်ရေးဌာန တာဝန်ခံ နိုင်ဝင်းလှ တို့နှင့် မွန်အမျိုးသားပညာ ရေးဌာန ရုံးချုပ်“ညီသာ” တွင် တွေ့ဆုံခဲ့ကြသည်။

    နီပွန်ဖောင်ဒေးရှင်းအနေနှင့် မွန်ပြည်သစ်ပါတီ လက်အောက်ရှှိ ပညာသင်ကျောင်းများမှ ပညာရေး အခြေအနေများ၊ ဆေးပေးခန်းများ၊ နယ်မြေ ဒေသများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။

    နိုင်ဟံသာဗိန်ခိုင်းက “ ဒီခရီးက သူတို့အတွက် မှတ်တမ်းတင်ခရီးစဉ်တစ်ခုပါပဲ” ဟု ပြောသည်။

    နီပွန်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှု အစီအစဉ်အဖြစ် လာမည့် ဒီဇင်ဘာ ၂၀ တွင်လည်း မွန်ဒေသအတွက် အကူအညီ ဆန်နှင့် ဆေးဝါးများ ထောက်ပံ့မှု အခန်းအနားတစ်ရပ်ကို မွန်ပြည်နယ် ရေးမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    လွန်ခဲ့သည့် အောက်တိုဘာလတွင်း နီပွန်ဖောင်ဒေးရှင်း၏ ဖိတ်ကြားမှုဖြစ် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ် ၁၉ ဦးတို့ သွားရောက်ခဲ့ပြီး နယ်စပ်ဒေသနှင့် လမ်းပန်းဆက်သွယ်ရေး၊ စာနပ်ရိက္ခာ၊ ဆေးဝါးများနှင့် လူသားချင်း စာနာမှု ဆိုင်ရာ ကိစ္စရပ်များ အတွက် ကူညီမှုအစီအစဉ်အတွက် ဒေါ်လာ ၃ သန်း ကူညီထောင့်ပံ့ရန် သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြီးဖြစ်သည်။

    ထို့နောက် မွန်ပြည်သစ်ပါတီ နယ်မြေသို့ သွားရောက်ပြီးနောက်ပိုင် နီပွန်ဖောင်ဒေးရှင်းအနေနှင့် ကရင်ဒေသို့ ဆက်လက် သွားရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts