spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထားဝယ်မှာ ကလုံးထာရွာသူရွာသားများ နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာပေးပို့ခဲ့

    ထားဝယ်မှာ ကလုံးထာရွာသူရွာသားများ နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာပေးပို့ခဲ့

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာအနီးတည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ရေမြုပ်ဧရိယာခံရမည့် ဒေသခံရွာသူ/သားများက ယခုနိုဝင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာတစ်စောင် ပေးပို့ခဲ့သည်။

    ကလုံးထာ ရေကာတာတည်ဆောက်ပါက နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အတွက် ၄င်းကျေးရွာသည်ရေမြုပ်ဧရိယာတွင်ပါဝင်နေပြီး အီတာလျံထိုင်းကုမ္မဏီမှ ပြောင်းရွှေ့ပေးရန်အဆိုပြုသည့်အပေါ် ရွာသူရွာသားများက မပြောင်းရွှေ့လိုကြောင်း နိုင်ငံတော်သမ္မတထံသို့ အသနားခံစာပေးပို့ရခြင်းဖြစ်သည်။

    “ဒီရေကာတာစီမံကိန်းကို တည်ဆောက်လို့ရှိရင် ဘုန်းဘုန်းတို့ရဲ့ ကျေးရွာကဧရိယာမှာရှိတဲ့ စေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ရေနစ်မြုပ်သွားမယ် အားလုံးပျက်စီးသွားမှာပေါ့ ၊ အဲဒါကြောင့် သူတို့က ပေးပြောင်းရွှေ့ခိုင်းလဲ ဘုန်းဘုန်းတို့က လုံးဝကိုမပြောင်းဘူး” ဟု ကလုံးထာကျေးရွာဆရာတော်က မိန့်ကြားသည်။

    လွန်ခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် အီတာလျံထိုင်းကုမ္မဏီတာဝန်ရှိသူများက ရွာသားများနှင့်တွေ့ဆုံရာတွင် ကျေးရွာမှပြောင်းရွှေ့ပေးရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း မည်သူမျှ မပြောင်းလိုကြောင်း ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့ဖူးသည်။

    ၂၀၁၁ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်း အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အီတာလျံထိုင်း ကုမ္မဏီတာဝန်ရှိသူများက (၅) ကြိမ်တိုင်တိုင်လာရောက်၍ ရေကာတာစီမံကိန်းဆောင်ရွက်မှုနှင့် ပြောင်းရွှေ့ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးသည့် ပုံစံများဝေငှသော်လည်း တစ်ဦးတစ်ယောက်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။

    ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း(Internet)

    ကလုံးထာဆရာတော်က “ရွာဧရိယာကနေ နှစ်မိုင်ခန့်ဝေးတဲ့တစ်နေရာကို ရွေ့ပြောင်းခိုင်းတယ်၊ နစ်နာကြေးရောပေးမယ်လို့ တာဝန်ရှိသူတွေကပြောတယ်၊ ရွာသားတွေအနေနဲ့ လျှော်ကြေးလဲမယူဘူး၊ ပြောင်းလဲမပြောင်းဘူး” ဟု ဆက်လက်မိန့်ကြားသည်။

    ထိုဥယာဉ်ခြံမြေများသည် မိဘဘိုးဘွားများလက်ထက်အဆက်ဆက်က ပြုစုပျိုးထောင်လာခဲ့သော ဥယျာဉ်ခြံမြေများဖြစ်ပြီး ယခုအခါအကျိုးအမြတ်ရရှိစပြုလာသည့်အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်သည်။

    ကလုံးထာကျေးရွာသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုတွင်ပါဝင်ပြီး လက်ရှိတွင် အိမ်ခြေ ၁၈၂ အိမ်၊ လူဦးရေ ၁၀ဝ၀ ကျော်နှင့် စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧက ရှိသည်ဟု သိရသည်။

    ဒေသခံရွာသူရွာသားများက ဥယျာဉ်ခြံလုပ်ငန်းနှင့် တောတွင်းမှ သဘာဝအတိုင်းရရှိသော ဖာလာ၊ ဓညင်း၊ ဝဥ စသော သီးနှံများကို အမှီပြု၍ အဓိကအသက်မွေးဝမ်းကြောင်း ပြုကြသူများ ဖြစ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks