spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ

    မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – အသရေဖျက်မှုဖြင့် ထောင် ၆ လကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းလွတ်မြောက်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံးရှေ့တွင် ယနေ့နေ့လည်ပိုင်း တရားစီရင်နေချိန်၌ ဓမ္မသတ်ရွာသား ၇၀ဝ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။

    ဓမ္မသတ်ရွာသားများဆန္ဒပြနေကြစဉ်(သံလွင်တိုင်းမ်)
    အသရေဖျက်မှုဖြင့် မော်လမြိုင်ထောင်၌ ထောင် ၆ လကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းအမှုကို မော်လမြိုင်ခရိုင်တရားရုံးတွင် ဆက်လက်အယူခံဝင်အမှုစီရင်နေစဉ် ဓမ္မသတ်ရွာသားများ လာရောက်ဆန္ဒပြကြခြင်း ဖြစ်သည်။

    “ အမှန်တရားပေါ်ပေါက်ရေး-ဒို့အရေး၊ အမှုမှန်ပေါ်ပေါက်ရေး-ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး- ဒို့အရေး စာတမ်းတွေကိုင်ပြီး ကျွေးကြော်သံတွေနဲ့ တရားရုံးဝင်းရှေ့မှာအော်ခဲ့ကြတယ်” ဟု ခေါင်းဆောင်တစ်ဦးအဖြစ်လှုပ်ရှားနေသူ မင်းစိုးမြင့်က ပြောသည်။

    ဆန္ဒပြချိန်မှာ မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်ခန့်တွင် စတင်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာမြင့်သည်ဟု မျက်မြင်တွေ့ရှိ သူများ ပြောပြချက်အရ သိရသည်။

    “ဦးစိုးသိန်းအမှုကို ဒီနေ့စီရင်ချက်ချမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုလာမယ့် ၈ ရက်နေ့ကို ရုံးချိန်းထပ်ချိန်းလိုက်ပြန်ပြီး” ဟု မင်းစိုးမြင့်ကပြောသည်။

    ယင်းကဲ့သို့ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ကြိုတင် ခွင့်မတောင်းခဲ့သော်လည်း အာဏာပိုင်များက တားဆီးခဲ့ခြင်းမရှိဟု သိရသည်။

    “တရားရုံးမှာအော်ဟစ်ဆန္ဒပြပြီးနောက် မော်လမြိုင်ထောင်ဘက်ကိုသွားပြီး ထပ်အော်ကြတယ်၊ ကားတန်းတွေနဲ့ မြို့ကိုပတ်ပြီးတော့ အခုသူတို့ရွာဖက်ကို ပြန်သွားကြပြီ” ဟု သတင်းမှတ်တမ်းတင်နေသူ သံလွင်တိုင်းမ်းဂျာနယ် အယ်ဒီတာ ကိုမင်းမင်းနွယ်က ပြောသည်။

    ထို့အတူ ဦးစိုးသိန်း လွတ်မြောက်ရန် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကျိုက်မရောမြို့နယ် တရားရုံးရှေ့တွင် ဓမ္မသတ်ရွာသားများ ဆန္ဒပြခွင့်တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ပေ။

    ဓမ္မသတ်ရွာဥက္ကဌဟောင်း ဦးထွန်းလင်းအား စာသင်ကျောင်းမြေရောင်းစားသည်ဟု တိုင်ကြားခဲ့ရာတွင် အခြေအမြစ်ခိုင်လုံမှုမရှိဟု ကျိုက်မရောတရားရုံးက သုံးသပ်ခဲ့ပြီး ဦးစိုးသိန်းအား ပုဒ်မ ၅၀ဝ အသရေဖျက်မှုမြောက်သဖြင့် လွန်ခဲ့သည့်အောက်တိုဘာလ ၂ ရက်နေ့၌ ထောင်ဒဏ် ၆ လကျခံစေရန်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

    ၄င်းကိစ္စကို မကြေနပ်ကြသောရွာသားများက အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးကိုဆန္ဒပြခြင်းဖြစ်သည်ဟု ကာယကံရှင်များထံမှ သိရသည်။

    နှစ်ဖက်ပြဿနာများကြေအေးကြစေရန် ပြီးခဲ့သော စနေ့နေ့တွင် ဦးထွန်းလင်းနှင့် မင်းစိုးမြင့်တို့ ၅ ဦးစီ ပါဝင်သောအဖွဲ့တို့ မော်လမြိုင်မြို့၊ ကမ်းနားလမ်းဟိုတယ်၌ နှစ်ဖွဲ့မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့ပေ။

    [vslider name=”dhanmasa1112012″]

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks