spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းမော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်သည့်စီမံချက် တစ်လထပ်တိုး

    မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်သည့်စီမံချက် တစ်လထပ်တိုး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တစ်ပြည်လုံးအတိုင်းအတာဖြင့် လက်ရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်နေ သည့်စီမံချက်ကို နိုဝင်ဘာလ ၄ ရက်နေ့အထိတိုးမြှင့်လိုက်ကြောင်း ယနေ့ထုတ်အစိုးရထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြပါရှိသည်။

    ဘုရားသုံးဆူမြို့ မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်နေသည့်မြင်ကွင်းတစ်ခု(IMNA)
    ယခုနှစ် ဇွန်လ ၅ ရက်နေ့မှစတင်၍ ၄ လကာလအတွင်း တရားမဝင်မော်တော်ဆိုင်ကယ် ၈၉၀ဝ၀ဝ ကျော်ပြုလုပ်ခဲ့ပြီပြီးဟု ၎င်းသတင်းစာ၌ ဖေါ်ပြထားသည်။

    အလားတူ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ၄ ရက်အတွင်း မော်တော်ဆိုင်ကယ် ၁၉၀ဝ စီးကျော်လိုင်စင်ပြုလုပ်ခဲ့သည်ဟု အကောက်ခွန်ဝန်ထမ်းတစ်ဦးက ပြောသည်။

    ၎င်းက “လိုင်စင်လုပ်တဲ့အစီအစဉ် ဒီနေ့ သောကြာနေ့ကစပြီး ၃ ရက်ပိတ်ထားမယ်၊ စာရွက်စာ တမ်းတွေ မလုံလောက်လို့၊ အထူးသဖြင့် ဝှီးတက်စာရွက်တွေကုန်သွားလို့ ဖားအံကိုလှမ်းမှာ ထားရတယ်၊ တနင်္လာနေ့ကျမှ ပြန်ဖွင့်မယ်” ဟု ပြောသည်။

    သို့ရာတွင် မည်သည့်ရက်နေ့အထိ လိုင်စင်ဆက်လက်ပြုလုပ်ပေးသွားမည်ကို ကြေညာထုတ်ပြန် ခဲ့ခြင်း မရှိသေးပေ။

    ကရင်ပြည်နယ်၊ ဖားအံနှင့် ကြာအင်းဆိပ်ကြီးမြို့များမှ အကောက်ခွန်၊ ကညန၊ အခွန်ဦးစီး၊ အာမခံ၊ ဘဏ်ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် one stop service ဝန်ဆောင်မှုစံနစ်ဖြင့် ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမတွင် မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

    ဘုရားသုံးဆူမြို့တွင် မှတ်ပုံတင် အခွန်နှုန်းများကို သတ်မှတ်နှုန်းများအတိုင်း ကာလတန်ဖိုး၏ ၅ ရာခိုင်နှုန်း ၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ၊ အာမခံ ပရီယံကြေး၂၅၅၀ကျပ် နှင့်ယာဉ်မှတ်ပုံ တင်ကြေး ၂၂,ဝ၀ဝကျပ်တို့ဖြင့် ဘဏ်ဝန်ဆောင်ခ ၅၀ဝ ပေးသွင်းရမည်ဖြစ်သည်။

    “နယ်စပ်မှာအခုလို လိုင်စင်လာလုပ်ပေးတဲ့အတွက် ကျနော်တို့အတွက်သိပ်ကိုအဆင်ပြေပါ တယ်၊ တစ်ပြည်လုံးသွားနိုင်တဲ့လိုင်စင်လည်း ဖြစ်တဲ့အတွက် အရောင်းအဝယ် ကိစ္စတွေအလား အလာ ပိုကောင်းလာမယ်” ဟု ဘုရားသုံးဆူမြို့ခံ ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

    ယခုလအောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ဘုရားသုံးဆူနယ်စပ်မြို့တွင် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    တစ်ပြည်လုံးအတိုင်းအတာဖြင့် မော်တော်လိုင်စင် ၄ လကြာပြုလုပ်ခဲ့ရာတွင် နောက်ပိုင်း၌ လိုင်စင်မဲ့ဆိုင်ကယ်ဦးရေ ပိုမိုများပြားလာသည်ဟု မွန်ပြည်နယ်၊ ရေးမြို့ ဆိုင်ကယ်လိုင်စင်ပြုလုပ်ခဲ့သူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts