spot_img
Monday, August 25, 2025
More
    spot_img
    Homeသတင်းမဲဆောက်-မော်လမြိုင်လေကြောင်းလိုင်းသစ်ပြေးဆွဲမည့်သတင်း မွန်ပြည်နယ်သားများစိတ်ဝင်စား

    မဲဆောက်-မော်လမြိုင်လေကြောင်းလိုင်းသစ်ပြေးဆွဲမည့်သတင်း မွန်ပြည်နယ်သားများစိတ်ဝင်စား

    -

    မင်းတော်လဝီ – ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ခရီးသည်တင်လေယာဉ်တိုက်ရိုက်ပြေး ဆွဲမည့်အစီအစဉ် သတင်းထွက်ပေါ်လာသဖြင့် မွန်ပြည်နယ်သားများ အထူးစိတ်ဝင် စားနေကြ သည်။

    ထိုင်းနိုင်ငံတွင် ယာယီပတ်စပို့ကိုင်ဆောင်သည့် မြန်မာအလုပ်သမား အများအပြားရှိနေပြီး လေယာဉ်စီးခွင့်လည်းရရှိသဖြင့် အသစ်ပြေးဆွဲမည့် မဲဆောက်-မော်လမြိုင်ခရီးစဉ်ကို မွန်ပြည်နယ် သားများအတွက် ပိုမိုအဆင်ပြေမည်ဟု ဆူရပ်ဌာနီခရိုင်မှ ရာဘာစေးအဝယ်ဒိုင် မိနန္ဒာက ပြောသည်။

    ၎င်းက “ထိုင်းနိုင်ငံဘယ်နေရာကမဆို မဲဆောက်ကို ကားနဲ့တစ်ညကြာခရီးပဲ သွားရတယ်၊ မဲဆောက်-မော်လမြိုင်ကို လေယာဉ်ခရီးစဉ်ရှိရင် အချိန်တိုနဲ့ အိမ်ပြန်ရောက်နိုင်တယ်” ဟု ပြောသည်။

    မဲဆောက်-မော်လမြိုင်ခရီးကို လေကြောင်းခရီးလိုင်းရှိလာပါက ခရီးသည်များနှင့် ကုန်သည် အတွက်ပါ အချိန်တိုအတွင်းသွားလာနိုင်ရာ ပိုအဆင်ပြေလာမည်ဟု ၎င်းကဆက်ပြောသည်။

    “မွန်ပြည်နယ်ရဲ့ စီးပွားရေးဟာ တည်ငြိမ်နေတယ်၊ ဒီလို မွန်ပြည်နယ်ထဲကို စီးပွားရေးအခွင့် အလန်းတွေ နည်းလမ်းပေါင်းစုံဝင်လာဖို့လိုတယ်၊ ဒါမှစီးပွားရေး နယ်ပယ်အသီးသီးက တိုးတက် လာမှာ၊ အခုလောလောဆယ် လေကြောင်း လိုင်းအသစ်တိုးလာတာ ခရီးသွားလုပ်ငန်းရော၊ စီးပွားရေး အတွက်ပါကောင်းတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်သူငြိမ်းက ပြောသည်။

    ဒွန်မောင်း-မဲဆောက်-မော်လမြိုင် လေကြောင်းလိုင်းသစ်တစ်ခု အမြန်ဆုံးပြေးဆွဲနိုင်ရန်အတွက် လာမည့် စက်တင်ဘာလ ၂၉၊ ၃၀ ရက်နေ့များတွင် မွန်ပြည်နယ်၌ နိုင်ငံခြားခရီးသည်တင် လေယာဉ်ဆင်းသက်ခွင့် (CMQ) ရရှိရေး မွန်ပြည်နယ်အစိုးရအဖွဲ့အား ထိုင်း-မြန်မာကုန်သွယ်/စက် မှုအသင်းတို့ လုပ်ငန်းစဉ်အရပ်အရပ်ကို လာရောက်ညှိနှိုင်းဆွေးနွေးပြုလုပ်သွားမည်ဖြစ်သည်။

    ယခုစီစဉ်လျှက်ရှိသည့် မဲဆောက်-မော်လမြိုင်လေကြောင်းခရီးစဉ်သည် ခရီးသည် (၃၄) ဦး တင်ဆောင်နိုင်သည့် ဂျက်လေယာဉ်ဖြစ်ပြီး ပျံသန်းချိန်(Flight Time) ၂၅ မိနစ်သာကြာမြင့်၍ လေယာဉ်စီးနင်းခနှုန်းထားမှာ US$ 100 ဖြစ်သည်ဟု ထိုင်း-မြန်မာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

    ထိုခရီးစဉ်တွင် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်၊ မဲဆောက်လေဆိပ်တို့မှတဆင့် မြန်မာနိုင်ငံ မော်လမြိုင်လေဆိပ်သို့ လာရောက်ကြမည်ဖြစ်ပြီး အနီးစပ်ဆုံး ကျိုက်ထီးရိုး စေတီတော်၊ အထင်ကရနေရာဌာနများနှင့် အခြားသော နိုင်ငံခြားသားခရီးသွား ဧည့်သည်များ စိတ်ဝင် စားသည့်နေရာဒေသများအား အချိန်တိုအတွင်း လည်ပတ်နိုင်စေရန် ရည်ရွယ်၍ ထိုလေ ကြောင်းခရီးစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

    ထိုင်း-မြန်မာ ကုန်သွယ်/စက်မှုအသင်းတို့သည် လာမည့်သောကြာနေ့(စက်တင်ဘာ-၂၈) ရက်နေ့တွင် မဲဆောက်မှ လေယာဉ်ခရီးစဉ်ဖြင့် မော်လမြိုင်မြို့သို့ လာရောက်မည်ဖြစ်ရာ မော်လမြိုင်လေဆိပ်တွင် လေယာဉ်ဆက်သက်ရန်အကြောင်းကြားထားသည်ကို သိရှိကြောင်း လေဆိပ်တာဝန်ကျသူတစ်ဦးက ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts