Friday, March 13, 2026
More
    spot_img
    Homeသတင်းလွှတ်တော်ကိုယ်စားလှယ်များ ထိုင်းအုပ်ချုပ်ရေးစနစ်ကိုလေ့လာ

    လွှတ်တော်ကိုယ်စားလှယ်များ ထိုင်းအုပ်ချုပ်ရေးစနစ်ကိုလေ့လာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တိုင်းရင်းသားကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ထိုင်းနိုင်ငံအုပ်ချုပ်ရေးစနစ်ကို ၇ ရက်ခန့် လေ့လာခဲ့ပြီး ယနေ့ည ပိုင်းတွင်း ဘန်ကောက်မြို့သို့ ခရီးဆက်လက်ထွက်ခွာကြမည် ဖြစ်သည်။

    ယင်းခရီးစဉ်တွင် ချင်းအမျိုးသားပါတီCNP ၊ ချင်းတိုးတက်ရေးပါတီ CPP ၊ ကရင်ပြည်သူ့ပါတီ KPP ၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၊ ကျားဖြူပါတီ(ခေါ်) SNDPနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDFတို့မှ လွှတ်တော်ကိုယ်စား လှယ် ၁၈ ဦးပါဝင်ခဲ့သည်ဟု သိရသည်။

    ယင်းအဖွဲ့ဝင်ပါဝင်ခဲ့သူ ကော့ကရိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မင်းမျိုးတင့်လွင် က “ထိုင်းအစိုးရရဲ့ အုပ်ချုပ်မှုစနစ်တွေမှာ အောက်ခြေနဲ့ အထက်ပိုင်းအထိ ဘယ်လိုတည်ဆောက် ထားသလဲဆိုတာတွေကို တက္ကသိုလ်ကပညာရှင်တွေနဲ့ အပြန်အလှန်ဆွေးနွေးမေးမြန်းပြီး လေ့လာခဲ့တာပါ” ဟု ပြောသည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် မနက်ဖြန်တွင် ဘန်ကောက်မြို့တော်ရှိ အုပ်ချုပ်ရေးအပိုင်းဆိုင်ရာသို့ သွားရောက် လေ့လာရန် အစီအစဉ်ရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။

    ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်သူငြိမ်းက “အရင်တစ်ခေါက် သင်တန်းနဲ့ အခုသင်တန်းက အတူတူပဲ၊ ကျနော်တို့မှာ လွှတ်တော် အမတ်တွေအများကြီးရှိတာကိုး၊ နောက် နိုင်ငံရေးပါတီတွေလဲ အများရှိတာကြတော့ ကျနော်တို့ တစ်ခေါက်တည်းနဲ့ အားလုံးခေါ်ဖို့ ဘယ်လုံ လောက်ပါ့မလဲ၊ ထိုင်းနိုင်ငံမှာ လက်တွေ့လုပ်နေတဲ့အတွေ့အကြုံလေးတွေ သူတို့ကိုယ်တိုင် လေ့လာရ တာပေါ့” ဟု ပြောသည်။

    ထိုင်းအုပ်ချုပ်ရေးစနစ်ကို ပြီးခဲ့သည် သြဂုတ်လတွင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပထမအကြိမ် လာရောက်ခဲ့ကြပြီး ယခုအခါအခြားလွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယအကြိမ်လေ့လာရေး ခရီးစဉ်ဟု သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့တွင် ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် NDF ပါတီဝင်များမှ ကိုယ်စားလှယ် ၂၂ ဦးပါဝင်သောအဖွဲ့သည်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် ဘန်ကောက်မြို့သို့ ပထမအကြိမ် လာရောက်လေ့လာခဲ့ပြီး ဖြစ်သည်။

    ယခုလေ့လာရေးခရီးစဉ်နှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ထိုင်းအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ လူမှုဆိုင်ရာစီမံခန့်ခွဲမှုအုပ်ချုပ်ရေးနှင့် ရပ်ရွာဖွံ့ဖြိုးမှု သဘောတရား ဆိုင်ရာ ကိစ္စရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခများနှင့် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖေါ် ပို့ချခဲ့ခြင်း ဖြစ်သည်။

    ဗဟုဖွံ့ဖြိုးရေးအဖွဲ့ကို ၂၀ဝ၅ ခုနှစ်တွင် စတင်တည်တောင်ခဲ့ပြီး ပြည်တွင်းမှသင်တန်းသားများ ကိုခေါ်ယူ၍ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်နှင့် ချိတ်ဆက်ကာ လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment(CDCE) ကိုလည်း ပြည်တွင်းမှသင်တန်း သားများခေါ်ယူ၍ သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks