Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ရေးမြို့နယ်ရုံးသစ်ဖွင့်လှစ်

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ရေးမြို့နယ်ရုံးသစ်ဖွင့်လှစ်

    -

    အဇာတာ – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မြို့နယ်ရုံးဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့၊ သိရိခေမာရပ်ကွက်၌ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီတွင် ဖွင့်လှစ်လိုက်သည်။

    ရေးမြို့နယ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပနေပုံ(photo: ရေးနနံ့)
    အခမ်းအနား သဘာပတိအဖြစ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လျှပ်စစ်စွမ်းအားနှင့် စက်မှုဝန်ကြီး နိုင်လဝီအောင်က ဖဲကြိုးဖြတ် အခမ်းအနားဖွင့်လှစ်ခဲ့ရာတွင် တိုင်းရင်းသားပါတီ ဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ ဌာနပေါင်းစုံမှ အစိုးရဌာနဝန်ထမ်းများနှင့် ဧည့်သည်များ စုစုပေါင်းတစ်ရာကျော် တက်ရောက်ခဲ့ကြသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ရေးမြို့နယ် ပါတီစည်းရုံးရေးတာဝန်ခံ ကိုနန်းရွှေက “အရင်က ယာယီရုံးပဲထားရှိခဲ့တယ်၊ နေရာလည်းကျဉ်းတယ်၊ ရုံးခန်းနေရာကျယ်ဝန်းလာတော့ အစည်းအဝေးခေါ်တာတွေ၊ ပါတီဝင်တွေ ဆွေးနွေးတွေ့ဆုံတာတွေ ပိုပြီးအဆင်ပြေလာပါမယ်” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ နေရာ အနိုင်ရရှိခဲ့ သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDPတို့သည် ယခုအခါ မြို့နယ်နှင့် ကျေးရွာများတွင် ရုံးများအပြိုင်အဆိုင်ဖွင့်လှစ်နေကြသော်လည်း မူလက သဘော တူညီခဲ့ကြသည့် မွန်နှစ်ပါတီ ပူပေါင်းရေးကိစ္စကို အကောင်အထည် မဖော် ဆောင်နိုင် သေးပေ။

    မွန်ဒီမိုကရေစီပါတီ (MDP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)တို့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ မွန်တစ်ပါတီအဖြစ်ပေါင်းစည်းကြရန် အချက် (၄) ချက်ပါ သဘောတူညီချက်ကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်း၌ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks