spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းမြန်မာအစိုးရနှင့် ဆက်ဆံရေး ဆိုင်းငံ့ထားရန် တိုင်းရင်းသား လူမျိုးများကောင်စီ တိုက်တွန်း

    မြန်မာအစိုးရနှင့် ဆက်ဆံရေး ဆိုင်းငံ့ထားရန် တိုင်းရင်းသား လူမျိုးများကောင်စီ တိုက်တွန်း

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားဒေသ၌ မြန်မာစစ်တပ်ထိုးစစ်ဆင်နေသဖြင့် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံထားရန် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

    Mobile Site
    Mobile Link

    အီးအန်စီ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆလိုင်းရွှေခါးက “အဓိက တိုက်ပွဲတွေဖြစ် နေတဲ့ဒေသတွေမှာ အစိုးရထိုးစစ်ဆင်ရပ်ဖို့တောင်းဆိုတာတယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်မယ် ဆိုရင် ဟိုဘက်က စစ်ဖြစ်နေတယ်၊ ဒီဘက်မှာက ငြိမ်းချမ်းရေးစကားပြောနေမယ်ဆို မဖြစ်ဘူးလေ အထူးသဖြင့် ကချင်ဒေသမှာ ထိုးစစ်ဆင်မှု တွေဖြစ်အပေါ်မှာ ကျနော်တို့ရှုတ်ချတယ် ဒါကြောင့် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျနော်တို့တိုက်လိုက်တာပါ” ဟု ပြောသည်။

    တိုင်းရင်းသားလူမျိုးများကောင်စီ၏ တတိယသက်တမ်း၊ တတိယအကြိမ် နှစ်ပတ်လည်ကောင်စီ စုံညီအစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ စက်တင်ဘာလ ၁၁ ရက်နေ့မှ နှစ်ရက် အကြာကျင်းပခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ယခုကျင်းပပြီးစီးသွားသည့် တတိယကြိမ်မြောက်အစည်းအဝေးတွင် ကရင်နီ ၆ ပြည်နယ်မှအပ တိုင်းရင်းသားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်ဟု သူက ပြောသည်။

    တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စု မြန်မာနိုင်ငံ) ENC အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုရရှိခဲ့သည့် အပေါ်ကြိုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို အထူးစိုးရိမ်ကြောင်းနှင့် ခိုင်မာသောအပစ် အခတ်ရပ်စဲခြင်းပြု လုပ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့သည်။

    ထို့အပြင် ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်ကိုးသောင်းကျော်အတွက် နိုင်ငံတကာ မှပေးပို့သော လူသားချင်းစာနာထောက်ထားသည့်အကူအညီများ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သည့် အဓိကရုဏ်းမှုကြောင့် အသက်များစွာ ဆုံးရှုံးပြီး အိုးအိမ် ပျက်စီးဆုံးရှုံးမှုအပေါ် ပြည်ထောင်စုအစိုးရက တရားမျှတစွာ အမြန်ဆုံးဖြေရှင်းပေးရန် စသည့် အချက် ၆ ချက်အပါအဝင် အီးအန်စီ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

    တိုင်းရင်းသားလူမျိုးများ သွေးစည်းရေးနှင့်ပူးတွဲ လုပ်ဆောင်ရေးကော်မတီ ENSCC အဖြစ် ၂၀ဝ၁ ခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် ပြည်နယ်အခြေခံသော ENC အဖြစ်ပြင် ဆင်ဖွဲ့စည်းခဲ့သည်။

    ENC တိုင်းရင်းသားလူမျိုးများ(ပြည်ထောင်စု မြန်မာနိုင်ငံ)ကို စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွင် ဖြစ်ပေါ်လာရန် ရည်ရွယ်ပြီး တိုင်းရင်းသားခေါင်းဆောင်များက ပူးပေါင်းဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks