Friday, March 13, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် စပါးပင်များစွာပျက်စီးဆုံးရှုံး

    ကျိုက်မရောမြို့နယ်တွင် စပါးပင်များစွာပျက်စီးဆုံးရှုံး

    -

    မင်းတော်လဝီ – မိုးဆက်အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ်အတွင်း စပါးပင်များ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လအတွင်း မိုးပြင်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် စပါးပင်များရေနစ်မြုပ်ခံခဲ့ရ သဖြင့် သေကြေပျက်စီးသွားသည်ဟု ကျိုက်မရောမြို့နယ် နိတုံရွာမှ လယ်သမား ဦးအေးမောင်က ပြောသည်။

    ၎င်းက “ကျနော့်လယ်မြေ(၇)ဧကလုံး ရေမြုပ်ခံရပြီးတော့ စပါးပင်တွေ ရိပုတ်ကုန်တယ်၊ တချို့အပင်တွေ အရွက်ညိုမဲနေသေးတယ်၊ မရှင်တော့ဘူး၊ အကုန်လုံးပျက်ကုန်ပြီ”ဟု ပြောသည်။

    နိတုံကျေးရွာက လယ်မြေများသည် ကလိုင်ကနိုင်ကွင်း၊ ကျောက် တောင် ကွင်းနှင့် ဘီလိုကွင်း(၃)ကွင်းရှိပြီး စုစုပေါင်းမိုးစပါးစိုက် ဧက(၇၅၀)ရှိသည်ဟု နိတုံရွာမြေစာရင်းဝန်ထမ်းထံမှ သိရသည်။

    အတ္ထရံမြစ်တလျှောက်ရှိ် ကျိုက်မရော၊ ကလိုင်းကနိုင်၊ မယ်ဂရို၊ နိတုံ၊ ကွမ်းငန်း၊ ဦးလေးရွာမှ ချောင်းနှစ်ခွကျေးရွာများတွင် ကျေးရွာ ၁၅ ရွာခန့် စိုက်ပျိုးလယ်မြေများရေနစ်မြုပ်ခဲ့ရသည်ဟုလည်း သိရသည်။

    ၂၀၁၂ ခုနှစ် ကျိုက်မရောမြို့နယ် မိုးစပါးစိုက်ပျိုးမှုလျှာထားချက် (၁၀၂၉၈၀) ဧကဖြစ်ရာ သြဂုတ်လ အထိ(၄၅၅၄၅) ဧကစိုက်ပျိုးခဲ့အပြီး (၄၁၄၇)ဧကခန့် ပျက်စီးခဲ့သည်ဟု ကျိုက်မရောမြို့နယ် မြေစာရင်းဦးစီးဌာန တာဝန်ရှိဝန်ထမ်းတစ်ဦးက ပြောသည်။

    ၎င်းက“ကျိုက်မရောတစ်မြို့နယ်လုံးမှာ လောလောဆယ် စပါးပျက်စီးသွားတာ ဧကလေးထောင် ကျော်သွားပြီး၊ အခုလည်းကွင်းဆင်းစစ်ဆေးနေတုန်းပဲ၊ စပါးပင်ဆက်သေတာတော့ ရှိနေဦး မယ်”ဟု ပြောသည်။

    မွန်ပြည်နယ်တွင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ သထုံ၊ ပေါင်၊ ဘီးလင်း မြို့နယ်များကဲ့သို့ပင် ကျိုက်မရာရောမြို့နယ်သည် မိုးစပါး ဧကသိန်းကျော်စိုက်ပျိုးနိုင်သည့် မြို့နယ်တစ်မြို့နယ်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks