Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီဝင်စာရင်း မှတ်ပုံတင်တော့မည်

    မွန်ဒီမိုကရေစီပါတီဝင်စာရင်း မှတ်ပုံတင်တော့မည်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒီမိုကရေစီပါတီ(MDP)သည် ယခုလအတွင်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်စာရင်း မှတ်ပုံတင်တော့မည်ဟု ပါတီအထွေထွေ အတွင်းရေးမှူးဒေါက်တာမင်းစိုးလင်းက ပြောသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း(photo:kaowao)
    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း(photo:kaowao)
    ပါတီတည်ထောင်သူအဖြစ် ဥက္ကဌ နိုင်သက်လွင်နှင့် ဒုခေါင်းဆောင် နိုင်စိုးမြင့်တို့က ယခုလ ၂၆ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ရန် အစီအစဉ်ချမှတ်ထားသည်ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    ၎င်းက “ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ချက်အရဆိုရင် ပါတီဝင်ဦးရေ တစ်ထောင်ထက် မနည်းတင်ရမယ်၊ ဒါပေမယ့် လက်ရှိကျနော်တို့စိစစ်ထားတဲ့စာရင်းမှာ နှစ်ထောင်ကျော်ရှိတယ်၊ ပါတီဝင်စာရင်း အတွက်တော့ အဆင်သင့်ဖြစ်နေပြီ” ဟု ပြောသည်။

    မွန်ဒီမိုကရေစီပါတီ(MDP) အမည်သစ်ဖြင့်ပြောင်းလဲခဲ့သော ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုး သားဒီမိုကရေစီအဖွဲ့(MNDF)သည် ယခင်ပါတီဝင်ဦးရေ သောင်းဂဏန်းနှင့်ချီ၍ ရှိခဲ့သည်။

    မွန်ဒီမိုကရေစီပါတီ MDP သည် ယခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်ကြောင်းကို မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    ယခင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်ဖြင့် ၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။

    အလားတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်(ခေါ်) စိုင်းနွတ်နှင့် သုတေသနဌာနမှူး စိုင်းထွန်းအေးတို့ ဦးဆောင်၍ စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်စာရင်း သွားရောက်တင်ပြခဲ့ပြီး ဖြစ်သည်။

    ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီပြန်လည်မှတ် ပုံတင်ရန် ဆုံးဖြတ်ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီအချို့ တရားဝင်ပါတီ အဖြစ်ရပ်တည်နိုင်ရန် ပြန်လည်ကြိုးပမ်းလာကြသည်ကို တွေ့ရှိနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks