spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ သံဖြူဇရပ်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲကျင်းပ

    မွန်ဒီမိုကရေစီပါတီ သံဖြူဇရပ်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲကျင်းပ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒီမိုကရေစီပါတီ(MDP) မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းမကြီး၊ မော်တော်ယာဉ်အဝေးပြေးကားဂိတ်အနီး၌ သံဃာတော်တို့အားဆွမ်းကျွေး အခမ်းအနားတရပ်ပြုလုပ်၍ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

    မွန်ဒီမိုကရေစီပါတီ သံဖြူဇရပ်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲ(Photo-IMNA)

    အခမ်းအနားသို့ မွန်ဒီမိုကရေစီပါတီ(MDP) ဒုဥက္ကဌ(၂) နိုင်တင်အောင်၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းအပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ၂၅ ဦး၊ သံဖြူဇရပ်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ရှိသူများနှင့် သံဖြူဇရပ်မြို့နယ်မှ မွန်လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၅၀ဝ နီးပါးခန့် တက်ရောက်ခဲ့ကြသည်ဟု ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

    ထို့အပြင် သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ် NLD၊ ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီးညွတ်ရေးပါတီများလည်း တက်ရောက်ခဲ့ကြသည်။

    နိုင်စိုးမြင့်က “မြို့နယ်စည်းရုံးရေးရုံးလို့လည်းခေါ်တာပေါ့၊ ဒီမနက်မှာ ဆိုင်းဘုတ်တင်ပြီး ဖွင့်လှစ်တယ်၊ ကျန်ရှိသေး တဲ့မြို့နယ်တွေမှာလည်း ကျနော်တို့ ဆက်ဖွင့်သွားဖို့ စီစဉ်နေတယ်” ဟု ပြောသည်။

    ၄င်းနောက် ဘားအံ၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲနှင့် ခေါ်ဇာမြို့နယ်ခွဲတို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဟု နိုင်စိုးမြင့်က ပြောသည်။

    မွန်ဒီမိုကရေစီပါတီ(MDP)သည် ၂၀၁၂ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ကြေညာချက်အမှတ် (၃၄/၂၀၁၂)ဖြင့် အစိုးရထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

    နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ရရှိပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပါတီဝင်ဦးရေတစ်ထောင်စာရင်းတင်ရန် အဆင့်သင့်ဖြစ်နေကြောင်း MDP မှသိရသည်။

    မွန်ဒီမိုကရေစီပါတီသည် မြို့နယ် ၉ မြို့နယ်မှ အလုပ်အမှုဆောင်ကော်မတီများ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး လက်ရှိစာရင်းအရ ပါတီဝင်ဦးရေ ၄ ထောင်ကျော်ခန့် ရရှိခဲ့ပြီးဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီ သံဖြူဇရပ်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲ(Photo-IMNA)

    မွန်ဒီမိုကရေစီပါတီ (MDP) ဗဟိုရုံးချုပ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၊ အိမ်အမှတ်(၈၈) ရာဇာဓိရာဇ်လမ်းတွင် ယာယီဖွင့်လှစ်ခဲ့သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ပြီး နောက်ပိုင်း တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရပြီး ပြီးခဲ့သည့်ဧပြီလတွင် မွန်ဒီမိုကရေစီပါတီ(MDP) အမည် အသစ်ဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီ(MDP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)တို့သည် ၂၀၁၄ ခုနှစ်နောက်ဆုံးထား၍ မွန်တစ်ပါတီအဖြစ်ပေါင်းစည်းကြရန် သဘောတူခဲ့ကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks