spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်း၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် မွန်နှစ်ပါတီခေါင်းဆောင်တို့တွေ့ဆုံ

    ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် မွန်နှစ်ပါတီခေါင်းဆောင်တို့တွေ့ဆုံ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ– ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်နှင့် မွန်နှစ်ပါတီခေါင်းဆောင်များတို့ ယမန်နေ့နံနက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီ(ယာယီ)ရုံးစိုက်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေရဲ့တန်းတူအခွင့်အရေးရရှိဖို့အတွက် ကိုမင်းဇေယျဦးဆောင်၈၈အဖွဲ့က အကြိုခရီးစဉ်။ more photo

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဥက္ကဌနိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီ MDP အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့နှင့် မင်းဇေယျာခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၅ ဦးတို့တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

    “ ၁၃ ရက်နေ့ညနေပိုင်းမှာလည်း မင်းဇေယျာတို့နဲ့ ကျနော်တို့မွန်ဒီမိုအဖွဲ့နဲ့ဆွေးနွေးခဲ့ပါတယ်၊ မနေ့မနက်ပိုင်းမှာလည်း မနက်စာစားရင်း ထပ်ပြီးတွေ့ဆုံကြတာပါ၊ အဓိကဆွေးနွေးကြတဲ့နေရာမှာ ၈၈ မျိုးဆက်တွေအနေနဲ့က လွှတ်တော်ပြင်ပနိုင်ငံရေး ကိုလုပ်သွားမယ်၊ လွတ်လပ်ပွင့်လင်းတဲ့လူအဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့သူတို့ကြိုးစားနေတဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ကိစ္စတွေမှာပူးပေါင်းကြဖို့ပေါ့” ဟု ပါဝင်ဆွေးနွေးခဲ့သူမွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

    လက်ရှိမွန်ပြည်နယ်တွင် ဖြစ်ပေါ်နေသော လယ်ယာမြေသိမ်ဆည်းံပြဿနာများ အထူးသဖြင့် ကျိုက္ခရောမြို့နယ်တွင်ဇေကမ္ဘာကုမ္ပဏီနှင့်ဒေသခံများပြဿနာ၊ ရေးမြို့နယ် အာရုတောင်ကျေးရွာတွင် စစ်တပ်မှရာဘာခြံသိမ်းယူမှု၊ ကုလားကုတ်ကျွန်းတွင် ရေတပ်မှမြေယာသိမ်းယူရန်ကြိုးစားနေသည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်ဟုလည်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက “ကျနော်ကတော့ ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားအရေးမတူဘူးဆိုတာကို ထောက်ပြတယ်၊ အဓိကတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်နယ်ဆိုတာတွေကို မင်းဇေယျာတို့နဲ့ဆွေးနွေးဖြစ်ကြတယ်” ဟုပြောသည်။

    အထူးသဖြင့် တန်းတူရေးဆိုသည်မှာ ဥပမာအားဖြင့် အစိုးရစာသင်ကျောင်းများတွင် ဗမာစာပေသင်ကြားနေသကဲ့သို့ မွန်စာပေသင်ကြားရေးကိုလည်း တန်းတူသောအခွင့်အရေးများ ပေးအပ်ရန်လိုကြောင်း နိုင်ငွေသိန်းက ထောက်ပြပြောဆိုခဲ့သည်။

    ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင် မင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုအောင်သူ၊ ကိုဇော်ထက်ကိုကို၊ ကိုသော်ဇင်ထွန်းတို့သည် မင်းကိုနိုင်တို့နှင့် မကွေးမြို့တွင်တွေ့ဆုံရန် ယမန်နေ့ ညနေ ၄ နာရီခန့်တွင် မော်လမြိုင်မြို့မှထွက်ခွာသွားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts