spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ဝန်ကြီးဦးအောင်မင်း တွေ့ဆုံဆွေးနွေးရန်ရှိ

    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ဝန်ကြီးဦးအောင်မင်း တွေ့ဆုံဆွေးနွေးရန်ရှိ

    -

    ဂျူရီချိုင်း – ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က မကြာမှီရက်ပိုင်းအတွင်း မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း အဖွဲ့ချုပ် ဥက္ကဌက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)နှင့် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ရန်ကုန်မြို့၌တွေ့ဆုံမည်ဖြစ်ပြီး တွေ့ဆုံမည့် ရက်အတိကျကိုမူ မသိရှိသေးကြောင်း ခွန်ဥက္ကာက ပြောသည်။

    ၎င်းက “တွေ့မယ်ဆိုရင်တော့ အဓိက နယ်မြေကိစ္စပြေလည်ဖို့အတွက် ကျနော်တို့ ဆွေးနွေးမယ်၊ လောလောဆယ် သွားဖို့ကိုယ်စားလှယ်တွေ မရွေးရသေးဘူး၊ သွားမယ့်ရက်လဲ မသိသေးဘူး” ဟု ပြောသည်။
    ဦးအောင်မင်းနှင့် ယခုအကြိမ်တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အလွတ် သဘောတွေ့ ဆုံချိန်က ပမာဏသဘောတူညီခဲ့သည့် အချက်များကို ပြန်လည်သုံးသပ်ပြီး PNLO တပ်ဖွဲ့ဝင် များ၏ အခြေချနေထိုင်ရန် နယ်မြေကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွား မည်ဖြစ်သည်။

    ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်စလုံး ပြေလည်မှုရရှိပါက တရားဝင် ပြည်နယ်အဆင့် သဘောတူ လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှင့် PNLO ဘက်မှ ဥက္ကဌ ဦးခွန်ဥက္ကာနှင့် အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့သည် ပြီးခဲ့ သည့် ဇွန်လ ၂၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေး အချက် ၆ ချက်ကို မူအားဖြင့် သဘောတူခဲ့ကြသည်။

    ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနှင့် PNLO ဥက္ကဌ ခွန်ဥက္ကာတို့ ပထမ အကြိမ်တွေ့ဆုံခဲ့သည်။

    ထိုနောက် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံတွေ့ ဆုံခဲ့ရာ PNLO က အချက်(၁၁)ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

    ၎င်းတောင်းဆိုချက်များတွင် PNLO နှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရး ပဏာမသဘော တူညီရန်၊ တစ်ပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင် ကြေညာပေးရန်၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုအစိုးရနှင့် နိုင်ငေံးရအင်အားစုများ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်၊ ဆက်ဆံရေးရုံးဖွင့်ခွင့်၊ လူထုစည်းရုံး ရေးလုပ်ခွင့်၊ NGOနှင့် ဆက်ဆံခွင့်နှင့် မီဒီယာနှင့်သတင်းထုတ်ပြန်ခွင့်ပေးရန်တို့လည်း ပါဝင်သည်။

    အဆိုပါတောင်းဆိုချက်များထဲမှ တချို့အချက်ကို ချက်ချင်းသဘောတူရန် အဆုံးအဖြတ် မပေးနိုင်သေးသဖြင့် ယင်းတောင်းဆိုချက်များကိ နိုင်ငံတော်သမ္မတထံသို့ တင်ပြရဦးမည်ဟု ဦးအောင်မင်းက ပြောခဲ့ကြောင်း ဦးခွန်ဥက္ကာက ပြောသည်။

    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးအဖွဲ့ချုပ် (ရလလဖ)မှ ခွဲထွက်တည် ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks