spot_img
Tuesday, July 29, 2025
More
    spot_img
    Homeသတင်းစိုက်ပျိုးရေးသိပ္ပံကျောင်းတက်ရောက်ရန် လျှောက်ထားသူများပြား

    စိုက်ပျိုးရေးသိပ္ပံကျောင်းတက်ရောက်ရန် လျှောက်ထားသူများပြား

    -

    မင်းတော်လဝီ – စိုက်ပျိုးရေးနှင့် ပက်သက်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်းကြောင့် ယခုနှစ် ၂၀၁၂ ခုနှစ် ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းသို့တက်ရောက်ရန် ဝင်ခွင့်လျှောက်ထားသူများ ပိုမိုများပြားလာ သည်ဟု သိရသည်။

    စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဒီပလိုမာဘွဲ့လက်မှတ်ရရှိသူများအနေဖြင့် အစိုးရစိုက်ပျိုးရေးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများတွင် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာသဖြင့် ယခုကဲ့သို့လျှောက်ထားသူ ပိုမိုများလာသည်ဟု သထုံမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတိုးညွန့်ကပြောသည်။
    ၎င်းက “ကျောင်းသားတွေ စိုက်ပျိုးရေးဘာသာရပ်ကို စိက်ဝင်စားလာတာလည်းပါတယ်၊ နောက်ပြီး ကျောင်းပြီး ရင် အလုပ်ရရှိဖို့ အခွင့်အလမ်းလည်းရှိနေတယ်၊ နိုင်ငံတော်အစိုးရကလည်း စိုက်ပျိုးရေးကို အထူးဦးစားပေး နေတဲ့အ ချိန်လည်းဖြစ်နေတယ်” ဟု ပြောသည်။

    ယခုနှစ် ပညာသင်နှစ်တွင် သထုံမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် အမျိုးသားဦးရေ (၆၀)ဦးနှင့် အမျိုးသမီးဦးရေ (၆၀) ဦးကို ခေါ်ယူလက်ခံမည်ဖြစ်သည်ဟု ဦးတိုးညွန့်က ပြောသည်။
    ၎င်းက “ဒီနှစ် လျှောက်လွှာကို အခုရက်ပိုင်းမှ စလက်ခံနေတာ လျှောက်လွှာများစွာရထားပါပြီ၊ ဒီနှစ်လျှောက် သူများမှာ သေချာတယ်”ပြောသည်။

    စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် (၃)နှစ်ကြာ တက်ရောက်ဆည်းပူးရမည်ဖြစ်ပြီး ၁၀တန်းအောင် ကျောင်းသား ကျောင်းသူ သစ်များအပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနများမှ အရည်အချင်းမီ ဝန်ထမ်း များ၊ ကာကွယ်ရေးဝန်ကြီးဌာမှ ၁၀တန်းအောင်ပြီး ရဲဘော်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများလည်း တက်ရောက်ခွင့်ရှိသည်။

    စိုက်ပျိုးရေးသိပ္ပံကျောင်းကို တက်ရောက်လိုသူများအဖြင့် သိပ္ပံတွဲ သင်္ချာ၊ရူပ၊ဓါတုဖြင့် ၁၀န်းအောင်မြင်ရပြီဖြစ်ပြီး ဝင်ခွင့်အမှတ်ကိုမူ သတ်မှတ်ထားခြင်းမရှိကြောင်း နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံစီမံခန့်ခွဲဌာနမှ တာဝန်ရှိသူ တဦးကပြောသည်။

    ယခင်နှစ် ထမနှစ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းကို တနိုင်ငံလုံးအတိုင်းအတာရ ကျောင်းသားကျောင်းသူပေါင်း (၅၀ဝ)ကျော် လက်ခံခဲ့ပြီး ယခုနှစ်တွင် ကျောင်းသားဦးရေ (၁,ဝ၀ဝ) ကျော်လက်ခံမည်ဟု ၎င်းက ပြော သည်။
    စိုက်ပျိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဌာန အရာရှိတဦးကမူ “ ကျောင်းပြီးသွားလို့ အစိုးရအလုပ်ကိုဝင်ရင် ပထမ ဆုံး အခြေခံလစာက (၄၇,ဝ၀ဝ)ကျပ်နဲ့ ချီးမြှင့်ငွေ (၃၀,ဝ၀ဝ) ကျပ်အပါအဝင် ငွေ (၈၀,ဝ၀ဝ) ကျပ်နီးပါး ရပါတယ်၊ တချို့ကမ္ပဏီတွေဆိုရင် ကျပ် ၆ သောင်းကျော် ပေးသလိုတချို့ကလဲ (၁)သိန်းလောက် တက်ပေးနေ တာလည်းရှိတယ်”ဟုပြောသည်။

    စိုက်ပျိုးရေးသိပ္ပံကျောင်းတက်ရောက်ရန် ပထမနှစ် ကျောင်းသားသစ်များအနေဖြင့်၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ လျှောက်လွှာကို နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

    ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် နေပြည်တော်၊ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊မြိတ်မြို့၊ ဟဲဟိုမြိ့နယ်များတွင်ရှိသည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် တက်ရောက်နိုင် မည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သည့် ကျောင်းသားကျောင်းသူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကြောညာချက် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts