spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးလာ၍ ငွေချေးလယ်သမားများလာ

    စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးလာ၍ ငွေချေးလယ်သမားများလာ

    -

    မင်းတော်လဝီ – ကရင်ပြည်နယ်ဘားအံမြို့တွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကသက်သာသည့် အတိုးနှုန်းဖြင့်စိုက်ပျိုးစားရိတ်ချေးငွေကို တိုးမြှင့်ထုတ်ချေးလိုက်သည့်အတွက် ငွေချေးသည့် တောင်သူလယ်သမားများဦးရေ ပိုများလာသည်။

    လယ်သမားများ စပါးစိုက်ပျိုးနေချိန်(Photo: wikimedia.org)
    ယမန်နှစ်က လယ်တဧကလျှင် မြန်မာကျပ်ငွေ (၄) သောင်းထုတ်ချေးပေးခဲ့ရာမှ ယခုနှစ် မေလမှစ၍ တဧကလျှင်ကျပ် (၅) သောင်းအထိ ထုတ်ချေးပေးနေသည် ဘားအံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းတဦးကပြောသည်။

    ၎င်းက “နှုန်းထားသစ်လည်းဖြစ်တော့ လောလောဆယ်မှာ ကျေးရွာတွေက လယ်သမားတွေ ငွေလာချေးတာ မနှစ်က ထက် များနေတယ်”ဟု ပြောသည်။

    လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကမြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှစိုက်ပျိုးရေးစရိတ်ချေးငွေကို (၁)ဧကကျပ် (၅) သောင်းနှုန်းဖြင့် ထုတ်ချေးရန် ယခုနှစ် ဧပြီလ (၁)ရက်နေ့မှစတင်၍ အမိန့်ကိုထုတ်ပြန်ထားသည်။

    လယ်သမားတဦးအနေဖြင့် လယ်မြေဧက (၁)ဧကမှ (၁၀) ဧကအတွက်အထိသာ ငွေချေးပိုင်ခွင့်ရှိသည်။ ချေးယူထားသည့်  ငွေကျပ် (၁၀ဝ)အတွက် ယခင်ကတနှစ်လျှင် အတိုးငွေ(၁၃) ကျပ်ပေးသွင်းရသော်လည်း ယခုနှုန်းထားအသစ်အတွက်မူ တနှစ်လျှင် အတိုး (၈) ကျပ်ခွဲသာပေးဆောင်ရသည်။

    ယခုလောလောဆယ်တွင် ယင်းချေးငွေများကို အခက်အခဲမရှိပဲ ထုတ်ယူနိုင်ကြသည်ဟု ဘားအံမြို့ ထုံးအိုင်ရွာမှ လယ်သမားတဦး က ပြောသည်။

    ၎င်းက“ချေးငွေတိုးလာသလို လွယ်လွယ်ကူကူချေးယူလို့ရတယ်၊ အရင်နှစ်တွေကငွေမချေးယူဖူးတဲ့ ဒီရွာက လယ်သမား တောင် ငွေသွားချေးကြတယ်”ဟု ပြောသည်။

    စိုက်ပျိုးစားရိတ်ချေးငွေကိုလယ်သမားများကိုယ်တိုင်ပါဝင်သည့်ကျေးရွာငွေချေးအဖွဲ့ကစီစစ်ပြီးမြေစာရင်းဦးစီးဌာနရှိမြေ ဧက စာရင်းအတိုင်း ချေးငွေများကို ထုတ်ပေးသည်။

    ငွေချေးယူလိုသည့် လယ်သမားများအနေဖြင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့သွားပြီး ငွေချေးယူခွင့်လျှောက်လွှာပြည့်စုံအောင် ဖြည့်ဆီးပြီးလျှင် ချက်ချင်း ငွေချေးနိုင်ခွင့်ရှိသည်ဟု လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းက ပြောသည်။

    လယ်သမားများအနေဖြင့် ယင်းစိုက်ပျိုးစားရိတ်ချေးငွေကို သတ်မှတ်ထားသည့်ကာလအတွင်း အတိုးရောအရင်းပါ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ယခင်နှစ်အတိုးဟောင်းများပေးဆပ်ရန် ကျန်ရှိသူများကိုမူ ထပ်မံချေးခွင့်မပေးကြောင်း သိရ သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks