spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ

    မွန်ပြည်နယ်တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေပြီး အထူးသဖြင့် ကလေးသူငယ်များကြား တွင် ကူးစက်မှုနှုန်းများပြားနေကြောင်း သိရသည်။

    သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ပုံ(photo: ghre.org)
    ပြီးခဲ့သည့် ဇွန်လမှစ၍ အသက် ၃ နှစ်နှင့် ၁၀ နှစ်အထက်အရွယ်ရှိ ကလေးများသွေးလွန်တုပ် ကွေးရောဂါကူးစက်မှုများနေပြီး ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံ နေယူနေသည့် အရေအတွက်များပြားနေသည်ဟု ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ၎င်းက “ကျနော် မော်လမြိုင်ရောက်သွားတုန်းက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကုတင်တောင် မအား ဘူး။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူနာတွေ ပြည့်ကျပ်နေရောပဲ” ဟု ပြောသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင်မူ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှု နည်း ပါးသော်လည်း ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်နှင့် ပေါင်မြို့နယ်တဝိုက်ရှိကျေးရွာများတွင် ကူးစက်နှုန်းမြင့်နေသည်ဟု ဒေါက်တာ အောင်နိုင်ဦးကပြောသည်။

    ရေးမြို့နယ်မြောက်ပိုင်း လမိုင်းမြို့နယ်ခွဲရှိ ဒေသခံတစ်ဦးက “အခု ကလေးတွေ အိမ်တိုင်းလို လိုပြောလို့ရတယ် သွေးလွန်တုပ်ကွေးဖြစ်တာ၊ အိမ်မှာဆို တစ်ယောက်ပြီး တစ်ယောက်ပဲ၊ တချို့ ကလေးတွေ ခန္ဓာကိုယ်မှာအဝါရောင် သမ်းပြီး တော့ ဝမ်းလျှောကြတယ်” ဟု ပြောသည်။

    ယခုလက်ရှိတွင် မွန်ပြည်နယ်အတင်း၌ သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့် ရပ်ကွက်အာဏာပိုင် များနှင့်ပူးပေါင်း၍ ကျေးရွာများတွင်ရပ်ကွက်အလိုက် သွေး လွန်တုပ် ကွေးရောဂါကာ ကွယ်ရေး ဟောပြောပွဲများ၊ ခြင်းပေါက်ဖွားမှုကာ ကွယ်ရေးများလုပ်ငန်း များ  စတင်လုပ်ဆောင် နေကြသည်။

    သွေးလွန်တုပ်ကွေးရောဂါသည် ဇွန်လမှ  သြဂုတ်လမှာအတွင်း နှစ်စဉ် ကလေများတွင် အဖြစ်များ လေ့ရှိပြီး သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို အဓိကသယ်သူဖြန့်ဖြူးသည့်  အေးဒီးစ်အေဂျပ်တိုင်း( Aedes aegypti ) ဟု ခေါ်သည့် ခြင်ကျားများ အကိုက်ခံရခြင်းမှ ရောဂါကူးစက်ပြန့်ပွားခြင်းဖြစ် သည်။

    ရောဂါကူးစက်ခံရပါက လက္ခဏာများမှာ ခြင်အကိုက်ခံရပြီး ၃ ရက်မှ ၁၀ ရက်အတွင်း အအေးမိ ဖျားခြင်းနာကဲ့သို့ ချက်ချင်း အဖျားတက်ခြင်း၊ ခေါင်းကိုက် ပျို့အန်ခြင်း၊ အဆစ်အမြစ်နှင့်ကြွက် သားများ နာကျင်ကိုက်ခဲတတ်ခြင်း၊ မူးဝေခြင်းနှင့် ခန္စာကိုယ်ပေါ်တွင် အနီစက် အပြောက်လေးများ ထွက်ခြင်းတို့ဖြစ်သည်။

    ပြီးခဲ့သည် ၂၀ဝ၁ နှင့် ၂၀ဝ၄ ခုနှစ်များတွင် မွန်ပြည်နယ်၌ ဆေးရုံဆေးခန်းများတွင် သွေးလွန်တုပ် ကွေး ရောဂါကြောင့် ကလေးသေပျောက်မှုများ ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks