Saturday, March 14, 2026
More
    spot_img
    Homeသတင်းတာလမ်းဖောက်လုပ်ခြင်းကြောင့် ဒေသခံများဆန္ဒပြ

    တာလမ်းဖောက်လုပ်ခြင်းကြောင့် ဒေသခံများဆန္ဒပြ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာအပါအဝင် ကျေးရွာအုပ်စု (၉)ရွာတွင် ဇေကမ္ဘာ ကုမ္ပဏီက တာလမ်းဖောက်လုပ်ခြင်းကြောင့် ယခုလအစောပိုင်းတွင် ဒေသခံများက ဆန္ဒပြခဲ့ကြ သည်။

    တာလမ်းဖောက်လုပ်ခြင်းကြောင့် ဒေသခံများဆန္ဒပြပုံ။ Photo: internet
    နိတုံကျေးရွာတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ဇေကမ္ဘာကုမ္မဏီမှ သိမ်းယူထား သည့် လယ်မြေ ၈၀ဝ ဧကကို ၁၅ ပေအထိ မြင့်သည့် တာလမ်းမကြီး ထပ်ဆောက်၍ စီစဉ်နေ သဖြင့် ဒေသခံများက ဆန္ဒပြခဲ့သည်ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုး ဝေက ပြောသည်။

    ၎င်းက” ဒီတာလမ်းကြီးဆောက်လုပ်ရင် ကျေးရွာတွေအားလုံးရေနစ်မြုပ်သွားမှာကို စိုးရိမ်ပြီးတော့ ဆရာတော်နဲ့ ရွာသားတွေက ဒီကိစ္စကိုသက်ဆိုင်ရာသို့ ဘယ်လိုတင်ပြရမ လဲဆိုတာ ကျနော်ကို အကူအညီလာတောင်းပြီး ဆန္ဒပြဖြစ်ခဲ့တယ်” ဟု ပြောသည်။

    ဇေကမ္ဘာကုမ္မဏီက ကျိုက်မရောမှ-နိတုံတောင်-စံပယ်ဂူကျေးရွာအထိ ဖောက်လုပ်ထားသည့် အမြင့်ပေ ၁၀ ပေခန့်ရှိ တာလမ်းမကြီးကို ၁၅ ပေအမြင့်အထိ ထပ်မံဖောက်လုပ်ရန် စီစဉ်နေကြ သည်။

    တာလမ်းတည်ဆောက်ပြီး ဒီရေတက်ပုံ (ယင်းတာလမ်းကို လက်ရှိ တည်ဆောက်ထားသည့် ၁၀ ပေ အမြင့်မှ ၁၅ ပေအထိ တိုးမြှင့်တည်ဆောက်မည်ဖြစ်သည်။)
    ၁၅ ပေအမြင့်ရှိ တာလမ်းဖောက်လုပ်ပါက အနီးတဝိုက်ရှိ ကျေးရွာများတွင် ရေလွှမ်းမိုးခြင်းကို ရင်ဆိုင်ခံရဖွယ်ရှိသဖြင့် ဦးနေမျိုးဝေထံ အကူအညီတောင်းခံကာ ကန့်ကွက်ဆန္ဒပြခဲ့သည်ဟု နိတုံဆရာတော်က မိန့်သည်။

    ထို့ကြောင့် ကျေးရွားဥက္ကဌ ဦးခင်အောင် ခေါင်းဆောင်၍ ကျိုက်မရောမြို့နယ် နိတုံကျေးရွာ အပါအဝင် ကျေးရွာ ၉ ရွာမှ ဒေသခံ အင်အား ၂၀ဝ ခန့်ဖြင့် နိတုံတောင်ခြေတွင် သွားရောက် ဆန္ဒပြခဲ့သည်။

    ဒေသခံများက ”ဘိလပ်မြေစက်ရုံတည်ဆောက်တာကို မကန့်ကွက်ပါဘူး၊ လမ်းဖောက်ရင် ရေ ကျော်နိုင်အောင် သုံးပေအမြင့်လောက်သာဖောက်စေလိုတယ်” ဟု ရေးသားထားသည့် ပိုစတာကို ကိုယ်စီကိုင်ဆောင်ပြီ ဆန္ဒပြတောင်းဆိုခဲ့သည်ဟု ဆရာတော်က မိန့်သည်။

    ယင်းဒေသများ၌ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတို့တွင် နှစ်စဉ် ရေးကြီးရေလျှံမှုများဖြစ်တတ်ပြီး ရေကြီးမှုက တစ်လနီးပါးကြာလေ့ရှိသည်။  

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္မဏီက ဘိလပ်မြေ စက်ရုံတည်ဆောက်ရန်အတွက် ဒေသခံများ၏ လယ်မြေဧက ၈၀ဝ ကျော်ကို ၂၀၁၀ ခုနှစ်တွင် သိမ်းယူခဲ့သည်။

    ယင်း ဘိလပ်မြေစက်ရုံ စီမံကိန်းကြောင့် ဒေသခံများက ဖြစ်လာနိုင်သည့် နစ်နာဆုံးရှုံးမှု အန္တရာယ် နှင့်ပက်သက်ပြီး နိုင်ငံတော် သမ္မတထံသို့တိုင်ကြားစာ အကြိမ်ကြိမ်ပေးပို့တင်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks