Saturday, March 14, 2026
More
    spot_img
    Homeသတင်းလက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင်ထောင်ဒဏ်ချမှတ်ခံရ

    လက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင်ထောင်ဒဏ်ချမှတ်ခံရ

    -

    မင်းနေလင်း – ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ဒေသရှိ ပါနန်းအရပ်တွင် တရားဝင် အလုပ်သမား လက်မှတ်မရှိသော မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များဖမ်းဆီးခဲ့ရာ အရွယ်ရောက်ပြီးသူ ၁၆၀ ဦးကျော် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံရလိုက်ကြောင်း သိရသည်။

    ဖမ်းဆီးခံမြန်မာအလုပ်သမားများ(Photo-IMNA)
    ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း စက်ရုံများသို့ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၁၁၀ ဦးနှင့် အရွယ်မရောက်သေးသူ ကလေးအလုပ်သမား ၃၂ ဦးတို့ အဖမ်းခံခဲ့ရသည်။

    ယင်းတို့ထဲမှ အရွယ်မရောက်သေးသူများကို ပြန်လွှတ်ပေးခဲ့ပြီး အရွယ်ရောက်ပြီးသူ ၁၆၃ ဦးကို တစ်ဦးလျှင် ထောင်ဒဏ် ၄၅ ရက်စီ အပြစ်ဒဏ်ပေးလိုက်ကြောင်း ချုံဖော်-ပါနန်အခြေစိုက် ရခိုင်လူမှုရေးအသင်းမှ ကိုကျော်သန်းမောင်က ပြောသည်။

    တရားဝင် အလုပ်သမားလက်မှတ် မရှိသူများကို အလုပ်စေခိုင်းသဖြင့် အလုပ်ရှင်များအား အလုပ်သမား တဦးစီအတွက် ဘတ် ၁၀ဝ၀ဝ စီ ဒဏ်တပ်ခံရကြောင်း ပါနန်းရဲများနှင့် အလုပ်ရှင်းများမှ ပြောကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    “အရွယ်မရောက်သေးတဲ့ ကလေးတွေကိုတော့ ဇူလိုင်လ ၆ ရက်နေ့ကည်းက ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့တွေကို ဆေးစစ်မှု သုံးကြိမ်စီ ပြုလုပ်ပြီးမှ ပြန်လွှတ်ပေးတာပါ။ အခုဖမ်းတာက ဒီကဒေသခံ ရဲတွေဖမ်းတာ မဟုတ်ပါဘူး။ လာရောက် ဖမ်းဆီးတဲ့ အဖွဲ့က ပေါ်ပေါ်တော်ချော်ဆိုတဲ့ တရားမဝင် အလုပ်သမားများ ဖမ်းဆီးရေးအဖွဲ့က စက်ရုံတွေကို ဝင်ရောက် စစ်ဆေး ဖမ်းဆီးတာ ဖြစ်ပါတယ်´ ဟု World Vision အဖွဲ့မှ မြန်မာဝန်ထမ်း မွန်အမျိုးသား မင်းစိုးခိုင်က ပြောသည်။

    ချုံဖော်ဒေသရှိ ပါနန်သည် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်သော အရပ်ဖြစ်သည်။ ရေလုပ်ငန်းတွင် သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks