Homeသတင်းမွန်အဆိုတော်စမိုင်းချမ်း မြန်မာသီချင်းဆိုတော့မည်

မွန်အဆိုတော်စမိုင်းချမ်း မြန်မာသီချင်းဆိုတော့မည်

-

နဒီမွန် – မွန်ပရိတ်သတ်ကြားတွင် ရေပန်းစားကျော်ကြားသည့် မွန်အဆိုတော်နှင့်သီချင်းထုတ်လုပ်သူ စမိုင်းချမ်းသည် မြန်မာသီချင်း စီရီးသစ်တစ်ခုကို ထုတ်လုပ်ရန် Iron Cross Band နှင့် အသံသွင်းရန်စီစဉ်နေကြောင်း သိရသည်။

မွန်အဆိုတော် စမိုင်းချမ်း(Kaowao)
ဘဝနှင့် အချစ်အကြောင်းကို ဦးစားပေးသီချင်းများပါဝင်ပြီးထွက်ရှိမည်ဖြစ်ပြီး စီးရီးနာမည်ကို မရွေးရသေးဟု စမိုင်းချမ်းက ပြောသည်။

အဆိုပါ စီးရီးတွင် အဝေးက သတိရနေမယ်၊ လာပြီးညာနေသည်နှင့် အမှောင်ထဲသီချင်း စသည့် သီချင်းများပါဝင်မည်ဖြစ်ပြီး တေးသီချင်းများကို အငဲ၊ နောနော်၊ ကိုမျိုး၊ စလာရှူးထမ်း ၊ ဇာနည်နှင့် ရဲခေတ်တို့က ရေးစပ်မည်ဖြစ်သည်။

၎င်းက “အပြောင်းအလဲ တခုအနေနဲ့ လုပ်ကြည့်တာပါ။ ဒီတေးစီးရီးအောင်မြင်မယ် မအောင်မြင်ဘူး၊ ပရိတ်သတ်ကြားမှာ ထိုးဖောက်နိုင်မယ် မနိုင်ဘူးဆိုတာကိုတာ ကံတရားပေါ်ပဲ မူတည်တယ်”ဟုပြောသည်။

ထို့ပြင် စီးရီးကို ပွင့်လင်းရာသီအစ သီတင်းကျွတ်လတွင် ဖြန့်ချိသွားရန် စီစဉ်ထားသည်ဟု စမိုင်းချမ်းကပြောသည်။

၎င်းက “ IC နဲ့လည်း လိုက်ဖက်အောင် အခက်ခဲ အများကြီးရှိတာပေါ့၊ စတူတီယိုထဲအသံသွင်းတာ အတွေ့အကြုံရှိပေမယ့် လိုချင်တဲ့ပုံစံမမီမှာ စိုးရိမ်တယ်၊ နေ့တိုင်း လေ့ကျင့်နေရတယ်”ဟု ပြောသည်။

မွန်စီဒီခွေအရောင်းဆိုင်တစ်ဦးက“မွန်အဆိုတော်က အရေအတွက် များများစားစားမရှိပါဘူး၊ ကာရာအိုကေ၊ သီချင်းရောင်းတဲ့ ဈေးကွက်လည်း ပျက်သလောက်ဖြစ်နေလို့ မွန်သီချင်းစီးရီးတွေ အထွက်နည်းလာတယ်၊ မျိုးချစ်စိတ်ဓါတ်နဲ့ အရှုံးခံပြီးလုပ်နေကြတာပါ၊ ဗမာလိုဆိုပြီး အောင်မြင်သွားရင် ရေရှည်လည်း ဆက်သွားနိုင်တယ်”ဟု ပြောသည်။

ယမန်နှစ်တွင် မွန်သီချင်းစီဒီတေးစီးရီး ၆ ခုထွက်ခဲ့ပြီး ယခုနှစ်တွင် ၂ ခုသာထွက်ရှိခဲ့ရာ သီချင်းရောင်းအားလည်း အလွန်ကျဆင်းနေသည်ဟု ၎င်းက ပြောသည်။

စမိုင်းချမ်းသည် မွန်ဂီတလောကတွင် (၁၁)နှစ်ကြာရပ်တည်ခဲ့ပြီး မွန်ကာရာအိုကေသီချင်းနှင့် တစ်ကိုယ်တော်သီချင်းစီးရီး ၁၀ ခုကျော် ဖြန်ချိခဲ့ပြီး အောင်မြင်သောမွန်အဆိုတော်တစ်ဦးဟု သိရသည်။

အလားတူ မွန်အဆိုတော် “လဝီ”လည်း Iron Cross နှင့် မြန်မာသီချင်းအသံသွင်းရန် စီစဉ်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

5 COMMENTS

  1. တကယ်တော့၊ မြန်မာ့ဂီတလောကဟာ တိုင်းရင်းသားအဆိုတော်တွေက လွှမ်းမိုးထားတာပါ။ ကချင်၊ ချင်း၊ ရှမ်း၊ ကရင်၊ အစသဖြင့်ပေါ့။ အအောင်မြင်ဆုံး အဆိုတော်၊ ဂီတသမားတွကလည်း တိုင်းရင်းသားတွေပါပဲ….မွန်အဆိုတော်တွေလည်း မြန်မာ့ဂီတလောကထဲကို ထိုးဖောက်သင့်ပါတယ်။ မွန်တွေလည်း ဂီတမှာ မခေဘူး၊ အဆင့်မနိမ့်ဘူးဆိုတာကို ပြသသင့်တယ်။ ဖြစ်နိုင်ရင် ဗမာသီချင်းတောင် မဟုတ်ဘူး။ ကမ္ဘာ့အဆင့် အင်္ဂလိပ်သီချင်းတွေကို ဆိုသင့်တဲ့ ခေတ်ကြီးပါ….

  2. ဖြစ်နိုင်ခြေရှိတဲ့ အလုပ်ကို လုပ်ပါကွာ…..

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts