Saturday, March 14, 2026
More
    spot_img
    Homeသတင်းတပ်မြေတွင်းအပြောင်းရွှေ့ခံရသည့် မိသားစုတချို့အခက်အခဲဖြစ်နေ

    တပ်မြေတွင်းအပြောင်းရွှေ့ခံရသည့် မိသားစုတချို့အခက်အခဲဖြစ်နေ

    -

    နဒီမွန် – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးမြို့ပေါ်ရှိ မြန်မာစစ်တပ်ပိုင်မြေတွင်းမှ နေအိမ်အပြောင်းရွှေ့ခံရသူတချို့ နေရာထိုင်ခင်းအခက်အများနှင့် ကြုံတွေ့နေရသည်။

    တပ်မြေတွင်းအပြောင်းရွှေ့ခံရသည့် မိသားစုအိမ်တချို့ Photo: rehmonnya.org
    ယင်းတပ်ပိုင်မြေတွင် ၁၀ နှစ်ကျော် နေထိုင်လာသည့် လူနေအိမ်ခြေ (၈၀)ကျော်ကို ယခုလမှစ၍  နိုဝင်ဘာလ ၁ ရက်နေ့အတွင်း အပြီးသတ်ပြောင်းရွှေ့ရန် အာဏာပိုင် များက ညွှန်ကြားထားသည်။

    အပြောင်းရွှေ့ခံရသူတဦးက “သုံးလတော့ ခွင့်ပေးထားတယ်၊ ပိုက်ဆံ မရှိလို့ ငိုတဲ့သူက ငိုနေကြတာပေါ့။ တနေရာနဲ့တရာ ပြောင်းဖို့ လွယ်တဲ့ အလုပ်မှမဟုတ်တာ။ ကျနော်အနေနဲ့ ဘယ်ကိုသွားရမှန်းမသိသေးဘူး၊ အိမ်ဆောက်ထားတာ လေး၊ငါး ခြောက်သောင်း လောက်ကုန်ထားတော့ နှမြောတာပေါ့။ စိတ်မကောင်း ဖြစ်မိတယ်” ဟု ပြောသည်။

    ဘုရားသုံးဆူမြို့တည်ထောင်ပြီးနောက်ပိုင်း ၁၉၉၁-၉၂ ခုနှစ်၌ အရှေ့တောင်တိုင်း တိုင်းမှူး (ကွယ်လွန်သူ) ဗိုလ်ချုပ် သူရဦးစစ်မောင်လက်ထက်တွင် ယင်းမြေကို တပ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

    လာမည့်၂၀၁၃ ခုနှစ် ဘုရားသုံးဆူတွင် မီးရထားသံလမ်း တည်ဆောက်ရန်အတွက် ယင်းနေရာတွင် စစ်တပ်အဆောက်အဦးများ ထပ်မံဆောက်လုပ်ရန် နေပြည်တော်က အတည်ပြု လျာထားသည်။

    ယင်းမြေတွင် နေထိုင်သူဦးရေ တဖြည်းဖြည်းများလာသည့်အတွက် ပြောင်းရွှေ့ခိုင်းချိန်တွင် ပြဿနာဖြစ်လာမည်ကို စိုးရိမ်သဖြင့် အာဏာပိုင်များက ယခုကဲ့သို့ ကြိုတင်ပြောင်းထားခိုင်ခြင်း ဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။

    ၎င်းက ““နေစရာမရှိလို့ ပေးနေထားတယ်၊ တချို့က  ပြန်ရောင်း စားတယ်၊ မြေတွေက နည်းနည်းဈေးတက်လာတော့ ၊ဈေးပိုရတော့ လက်ဆင့်ကမ်းရောင်းကြတယ်။ အမှန်ကတော့ အခိုင်အမာပေးမလုပ်ဘူး။ တချို့ကလည်း အခိုင်အမာလုပ်တယ်၊ ဆောက်တယ် အဲလိုကြောင့် ပြောင်းရတယ်” ဟု ပြောသည်။

     အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ  ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ၎င်းက ပြောပိုင်ခွင့် မရှိကြောင်း ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks