Saturday, March 14, 2026
More
    spot_img
    Homeသတင်းသံလွင်တိုင်းမ်းဂျာနယ်ကို နှစ်ပတ်တစ်ကြိမ်ထုတ်ဝေခွင့်ရရန် လျှောက်ထား

    သံလွင်တိုင်းမ်းဂျာနယ်ကို နှစ်ပတ်တစ်ကြိမ်ထုတ်ဝေခွင့်ရရန် လျှောက်ထား

    -

    မိလယီထော – မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် လစဉ်ထုတ် သံလွင်တိုင်းမ်းဂျာနယ်ကို နှစ်ပတ်တကြိမ်ထုတ်ဝေခွင့်ရရှိရန် စာပေစိစစ်ရေးရုံးသို့ တင်ပြထားသည်ဟု အယ်ဒီတာချုပ်နိုင်တိက ပြောသည်။

    ၎င်းက“ပြီးခဲ့တဲ့ဇူလိုင်လ (၄)ရက်က တင်ခဲ့ပြီးပြီ၊ ဘယ်တော့ခွင့်ပြုမလဲတော့ မသိရသေးဘူး၊ ခွင့်ပြုချက်ရတာနဲ့ နှစ်ပတ်တကြိမ်ထုတ်ဝေနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

    ယင်းဂျာနယ်ကို ယခင်က တလတကြိမ်ထုတ်ဝေရာတွင် သတင်းများ နောက်ကျသောကြောင့် နှစ်ပတ်လျှင် တကြိမ်ခန့် ထုတ်ဝေရန် သံလွင်တိုင်းမ်စာဖတ်ပရိသတ်များက အကြံပြုခဲ့သည်ဟု နိုင်တိက ပြောသည်။

    အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က “ ကျနော်တို့မှာ သတင်းထောက်တွေကလည်းနည်း အတွေ့အကြုံတွေလည်း နည်းသေးတော့ နယ်စုံစုံ အမယ်စုံတဲ့သတင်းတွေ လက်လှမ်းမမီသေးဘူး” ဟု ပြောသည်။

    ယခုလက်ရှိတွင် သံလွင်တိုင်းမ်ဂျာနယ်ကို စောင်ရေ (၃)ထောင်ကို တစောင် (၅၀ဝ) ကျပ်နှုန်းဖြင့် ဖြန့်ဝေ ရောင်းချလျှက်ရှိသည်။

    သံလွင်တိုင်းမ် ဂျာနယ်တိုက်သည် မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့ရှိ တစ်ခုတည်းသောဂျာနယ်တိုက်ဖြစ်ပြီး မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသရှိ စာဖတ်ပရိတ်များအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများကို အဓိကထား၍ ရေးသားထုတ်ဝေနေသည်။

    ယခုနှစ် မတ်လ ၃၁ ရက်နေ့၌ ဂျာနယ်ထုတ်ဝေခွင့်ရရှိခဲ့ပြီး ယခုတွင် ဂျာနယ် ၃ စောင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks