spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမိုးသည်းထန်မှုကြောင့် ကျိုက္ခမီဘုရားဝင်းကမ်းပါးနှင့်အနီး စိုးရိမ်ဖွယ်ရာ မြေပြိုမှုများဖြစ်နေ

    မိုးသည်းထန်မှုကြောင့် ကျိုက္ခမီဘုရားဝင်းကမ်းပါးနှင့်အနီး စိုးရိမ်ဖွယ်ရာ မြေပြိုမှုများဖြစ်နေ

    -

    မင်းတော်လဝီ – မိုးသည်းထန်ပြီး ရေလှိုင်းရိုက်ခတ်သည့်ဒဏ်ကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ထင်ရှားကျော်ကြားသည့် ကျိုက္ခမီရေလယ်ဘုရားဝင်း၏ သဘာဝသဲသောင်ပြင်နှင့် အနီးအနားရှိ လူနေအိမ်အဆောက်အဦးများရှိသည့် ကမ်းပေါ်ရှိ မြေပြိုမှုများဖြစ်နေသည်။

    ယခင်လမှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် ယခုလ ၆ ရက်နေ့မှ စပြီး ကျိုက္ခမီဘဘုရားဝင်းရှိ ဓမ္မစေတီရပ်ကွက်တောင် ဘက်ကမ်းစပ်အရှေ့မျက်နှာစာတလျှောက် ပေ (၄၀ဝ) ကျော်နှင့် အတွင်းဘက် ၆ ပေခန့်အထိ ပြိုပျက်ခဲ့သည်ဟု ဘုရားဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးဖိုးငြိမ်းက ပြောသည်။

    ၎င်းက “အရင်နှစ်ကတည်းက ကမ်းစပ်မြေလှိုက်ဝင်နေတဲ့ နေရာတွေမှာ မြေနူးပြီး လှိုင်းဒဏ်ကြောင့် ဆက်ပြိုနေတယ်”ဟု ပြောသည်။

    ယခုကဲ့သို့ပြိုက်ပျက်ရာတွင် ဘုရားဝတ္တကမြေ ပေ(၁၀ဝ) သာပါပြီး ဓမ္မစေတီရပ်ကွက်တွင်းရှိ ပုဂ္ဂလိက ပိုင်အိမ်ခြံများ၊ လူနေအိမ်များ၊ စိုက်ပျိုးရေးဌာနပိုင် အဆောက်အဦးအပါအဝင် မိုးလေဝသနှင့်ဇလ ဗေဒ ဌာနပိုင် မိုးလေဝသ တိုင်းတာရေး အဆောက်အဦများတည်ရှိရာ ကမ်းပါးများ ပြိုနေခြင်းဖြစ်သည်။

    မြေများလှိုက်ဝင်ပြိုကျမှုများဆက်ဖြစ်လာပါက ယင်းအဆောက်အဦအများအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု ကျိုက္ခမီမြို့မှ မိုးလေဝသဌာနမှ ဝန်ထမ်းတဦးကပြောသည်။

    ၎င်းက “ဒီနေရာမှ မြေကြီးစပြိုလာတာ မနှစ်ကတည်းက စိုက်ပျိုးရေးဘန်ဂလိုနဲ့ မိုးလေဝသရုံးရှေ့က ကားလမ်းလေး ပြိုကျသွားပြီ။ လမ်းမရှိတော့ဘူး” ဟုပြောသည်။

    အကယ်၍ မိုးဆက်လက်ရွာသွန်းပါက ညီညာနေသည့် ကျိုက်ခမီကမ်းခြေသည်လည်း လှိုင်းဒဏ်ကြောင့် ပျက်စီးသွာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

    မွန်ပြည်နယ်၏ အထင်ကရကျော်ကြားသည့် ကျိုက္ခမီရေလယ်ဘုရားရုပ်ပွားတော်သည် ရေလယ်ရှိ်ဂန္ဓကုဋိတိုက်တွင် ကိန်းဝပ်တော်မူပြီး ကမ်းစပ်မှ (၂)ဖာလုံခန့် ကွာဝေးသည်။ ဘုရားကုန်းတော်ပေါ်တွင် စေတီ၊ပုထိုး၊ ကျောင်း၊ကန်၊ ဇရပ်များသည် ကမ်းစပ်အနီးအနားတွင်တည်ရှိသည်။

    ယခုလက်ရှိတွင် ယင်းကမ်းစပ်များမပြိုအောင် ထိမ်းသိမ်းထားပြီး အခြေအနေစောင့်ကြည့်နေကြောင်းနှင့် ယင်းကိစ္စကို သက်ဆိုင်ရာအာဏာပိုင်များက ကူညီဆောင်ရွက်ပေးသင့်သည်ဟု ဘုရားဂေါပကအဖွဲ့ဝင် တဦးက ပြောသည်။

    ၎င်းက“ရပ်ရွာနဲ့ဆိုင်တာကို အာဏာပိုင်တွေကပဲ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ကျခံသုံးစွဲပြီး ထိန်းသိမ်းမှရမယ်။ တဆက်တည်း ဘုရားကုန်းတော်လည်းမြေပြိုသက်သာမယ်”ဟု ဘုရားဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။

    ယမန်နှစ်နှစ်ဇူလိုင်လ(၂၀)ရက်နေ့တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ကျိုက္ခမီရေလယ်ဘုရား ကုန်းတော်ရှိ ကားဂိတ်၊ ဘုရားဈေးဆိုင်အဆောက်အဦးများ၊ ဇာတ်ရုံနှစ်ရုံ၊ ဘုရားတန်ဆောင်းအချို့နှင့် သက်တမ်းရင့် သစ်ပင်ကြီးများ ပြိုလဲပျက်စီးခဲ့မှုများရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks