spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသက်ကယ်ပင်သတ် ဆေးရည်ကို သောက်သည့်လူငယ် ဆေးရုံတင်ထားရ

    သက်ကယ်ပင်သတ် ဆေးရည်ကို သောက်သည့်လူငယ် ဆေးရုံတင်ထားရ

    -

    နဒီမွန် – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသ အနီးတဝိုက်တွင် ဒေသခံလူငယ်များ မူးယစ်ဆေး ပိုမိုသုံးစွဲလာမှုကြောင့် မကြာခဏဆိုသလို မူးယစ်ဆေးသုံးစွဲမှုပြဿနာများ ဖြစ်ပေါ်လျှက် ရှိသည်။

    13 ရက်နေ့က မူးယစ်ဆေးဝယ်သောက်ရန် ငွေမရှိ၍ သက်ကယ်ပင်သတ်ဆေးရေကို သောက်လိုက်သည့် အသက် ၁၉ နှစ်ရှိသူ မောင်စွမ်ချယ် (ဘုရားသုံးဆူဒေသ)၊(၁၃)ရက်နေ့ စံခပူရီ ဆေးရုံတင်ထားရ

    ယမန်နေ့ က ဘုရားသုံးဆူမြို့နယ်ခွဲ ကြံတောကျေးရွာတွင် နေထိုင်သည့် မောင်စွမ်ချယ် (၁၉) နှစ်သည် သက်ကယ်ပင်သတ်ဆေးရည်ကို သောက်လိုက်သည့်အတွက် ယခုထိုင်းနိုင်ငံ၊ စံခပူရီဆေးရုံမှာ တင်ထားရ ကြောင်းသိရသည်။

    သူ့၏ မိခင်က “သူပိုက်ဆံ တောင်းတယ်၊ ကျမတို့မှာ မရှိတော့ မပေးလိုက်ရဘူး။ ကျမလည်း ခြံဆင်းသွားလိုက်တယ်။ ခဏနေကြာမှ ရွာက လူတွေလာခေါ်တော့ ကျမသား နတ်ဝင်တယ် ဆိုပြီးတော့ သွားကြည့်လိုက်မိတယ်၊ အဲဒီကို ရောက်တော့ ပါးစပ်မှာ အမြှုပ်ထွက်နေတဲ့ ကျမသားကို တွေ့ရတယ်။ သူနတ်ဝင်တာ မဟုတ်ဘူး၊ သက်ကယ်ပင်သတ်ဆေး သောက်ထားတယ်အမေ သူကျမကို ပြောတယ်”ဟု ပြောပြပါသည်။

    မောင်စွမ်ချယ်၏ မိဘတို့က ခြံစိုက်ပျိုးသည့် အလုပ်ကို လုပ်ကိုင်ကြသည်။

    ယင်းရွာတွင် ရွာ၏ဓလေ့အရ နတ်ကို ယုံကြည်မှုများ ရှိသည့်အတွက် မောင်စွမ်ချယ်မှာလည်း ခဏခဏဆိုသလို နတ်ဝင်ပူးသည့် အဖြစ်ဆိုးများနှင့် ကြုံခဲ့ဖူးပါသည်။ ထို့ကြောင့် ပထမတုန်းက နတ်ဝင်ပူးသည်ဟုသာ ထင်ကြ သည်ဟု သူ၏မိခင်က ပြောပါသည်။

    သည်လိုဖြစ်ရခြင်းသည် ဤခလေးတွင် မူးယစ်ဆေးဝါးသုံးသည့်အတွက် မူးယစ်ဆေးဝယ်သုံးရန် မိဘဆီမှာ ပိုက်ဆံတောင်းမရသည့်အတွက် ဒီဆေးကို သောက်ခြင်းဖြစ်သည်ဟုလည်း ၄င်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါသည်။

    မောင်စွမ်ချယ်သည် ယင်းဆေးရည်ကို ၄င်းဆေးဗူ၏ အဖုံးခွက် (၃) ခွက်စာကို သောက်လိုက်သည်ဟုလည်း သူက မိခင်ကို ပြောပြခဲ့သည်။

    “(၃) ခွက် သောက်လိုက်တယ်တဲ့၊ အဲဒါနဲ့ ဆေးရုံ ပြေးတင်လိုက်ရတယ်။ အခု သူကိုဆရာဝန်က အစာမပေး စားဘူး၊ ဝမ်းအတွင်းကို ဝင်သွားတဲ့ ဆေးရည်များကို ပြန်ဆုတ်ယူပြီး စာအိမ်ကို ဆေးကြော နေတုန်းဘဲ ”ဟု သူမိခင်က ပြောပြခဲ့သည်။

    ယင်းနေ့တွင်ဘဲ ၄င်းရွာက လူငယ် (၅) ယောက်ကို မူးယစ်စိတ်ကြွဆေး သုံးစွဲမှုဖြင့် ၄င်းဒေသတွင် တာဝန်ကျ သည့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးခဲ့သည်ဟု ၄င်းဒေသခံတို့က ပြောပါသည်။

    ယခုလိုမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများကို အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် ၄င်းဒေသရှိ မိဘများက သားသမီးများ၏ ရှေ့ ရေးကို စိုးရိမ်ပူပန် နေကြသည်။ ၄င်းဒေသမှာ မူးယစ်ဆေးဝါး ပပျောက်အောင် အားလုံးက အရေးတယူ ဆောင်ရွက်ပေးစေချင်တယ်ဟုလည်း ပြောဆိုနေကြပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks