spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကရင်ပြည်နယ် အလုပ်သမားအဖွဲ့ တရားဝင်မှတ်ပုံတင်ပြီ

    ကရင်ပြည်နယ် အလုပ်သမားအဖွဲ့ တရားဝင်မှတ်ပုံတင်ပြီ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ဒေသရှိ အလုပ်သမားများသည် သမဂ္ဂဖွဲ့ စည်းရန် တရားဝင်မှတ်ပုံတင် လျှေက်ထားလိုက်ပြီးဖြစ်ကြောင်း အလုပ်သမား ကော်မတီ အဖွဲ့ဝင်တို့က ပြောသည်။

    ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က အလုပ်သမားကော်မတီဝင်များဖြစ်သည့် ဥက္ကဌ ကိုဝေဖြိုးကြွယ်၊ အတွင်းရေးမှူး ကိုအောင်မြင့်ဦး၊ ဘဏ္ဍာရေးမှူး မသီတာကျော်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကျော်နိုင်၊ ကိုရန်နိုင်မင်းတို့က ဦးဆောင်ပြီး ဖာအံခရိုင် အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက် မှတ်ပုံတင်လျှောက်ထားခဲ့သည်ဟု ဥက္ကဌ ကိုဝေဖြိုးကြွယ်က ပြောသည်။

    ၎င်းက “ကျနော်တို့အဖွဲ့ဝင်ငါးယောက် သွားလျှောက်ထားတယ်၊ လောလောဆယ်တော့ ပြေစာ ပုံစံ (၆) တစ်စောင်ရရှိထားတယ်၊ မကြာခင် ကျနော်တို့ မှတ်ပုံတင် ကျတော့မယ်” ဟု ပြောသည်။

    တရားဝင်သမဂ္ဂဖြစ်ရန် ဇွန်လအတွင်းမှာ တရားဝင်မှတ်ပုံတင်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ပြောဆိုခဲ့သည်ဟု ကိုဝေဖြိုးကြွယ်က ပြောသည်။

    ယခင်က အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို လျှို့ဝှက် လုပ်ဆောင်ခဲ့ကြသော်လည်း ထို အလုပ်သမားသမဂ္ဂကို ပြီးခဲ့သော မေလ ၂၂ ရက်နေ့က ဘုရားသုံးဆူမြို့ ဓမ္မဟေဝန်ဘုန်း တော်ကြီးကျောင်း၌ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းသည့်အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ NLD ဘုရားသုံးဆူမြို့နှင့် အလုပ်သမားအရေး ပါဝင်တတ်ကြွသူ ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ယင်းအလုပ်သမားသမဂ္ဂသည် ဘုရားသုံးဆူဒေသ၌ အထည်လိပ်၊ အဝတ်အထည်နှင့် သားရေ အလုပ်သမားများသည် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ၌ ပထမဆုံးဖွဲ့စည်းသည့် အလုပ်သမား အဖွဲ့အစည်းဖြစ်သည်။

    ဘုရားသုံးဆူဒေသ၌ အထည်လိပ်အဝတ်အထည်စက်ရုံ၊ ဖိနပ်စက်ရုံ ပေါင်း ၄၀ ကျော်ရှိပြီး မြန်မာ ပြည်မှအလုပ်သမား တစ်သောင်းနီးပါးခန့် ထိုင်းနိုင်ငံဖက်သို့ နေ့စဉ်သွား ရောက်အလုပ် လုပ်နေကြ သည်ဟု ကိုဝေဖြိုးကြွယ်က ပြောသည်။

    ယမန်နှစ်က ထိုင်းဘက်ခြမ်းသို့သွားရောက်လုပ်ကိုင်နေသော ဘုရားသုံးဆူဒေသရှိ ဖိနပ်စက်ရုံ အလုပ်သမားများနှင့် ထိုင်းလုပ်ငန်းရှင်များကြားတွင် မကျေမလည်ဖြစ်ကြကာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုစဉ်က အလုပ်သမားများဘက်မှ ရပ်တည်ပြီး ဦးဆောင်ခဲ့သူမှာ ယခုဖွဲ့စည်း လိုက်သော အဖွဲ့အစည်းဖြစ်သည်။

    လက်ရှိ အလုပ်သမားသမဂ္ဂကို အဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဌ ကိုဝေဖြိုးကြွယ်၊ အတွင်းရေးမှူး ကိုအောင်မြင့်ဦး၊ ဘဏ္ဍာရေးမှူး မသီတာကျော်၊ အမှုဆောင်အဖွဲ့ဝင်များအဖြစ် ကိုလွှမ်းမိုးနှင့် ကိုသက်နိုင်တို့က တာဝန်ယူထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks