Friday, March 13, 2026
More
    spot_img
    Homeသတင်းမြဝတီ-ကော့ကရိတ် အကောက်ခွန်ဂိတ်အချို့ လျှော့ချ

    မြဝတီ-ကော့ကရိတ် အကောက်ခွန်ဂိတ်အချို့ လျှော့ချ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ်ကားလမ်းတစ်လျှောက်ရှိ အကောက်ခွန်ဂိတ်များ လျှော့ချသွားမည်ဖြစ်ကြောင်း ကားသမားအသိုင်းအဝိုင်းတို့က ပြောသည်။

    ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် မြဝတီမြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးဌာနမှ အခွန်ကောက်ခံနေသည့် ဂိတ်အချို့လျှော့ချရန် ဆုံးဖြတ်လိုက်သည်ဟု မြဝတီမြို့ရှိ ကားသမား တစ်ဦးက ပြောသည်။

    ၎င်းက “အရင်က မြဝတီမြို့ကအထွက် ဒေါနတောင်မှာ ဝါးတားဂိတ်တွေအများကြီး တစ်ဂိတ်ကို ကျပ်နှစ်ထောင်ပေးဆောင်နေရတယ်၊ အခုအဲဒီဝါတားဂိတ်တွေမရှိတော့ဘူး”

    လက်ရှိမြဝတီ-ကော့ကရိတ်ကားလမ်းမှာ ၈၄ ကီလိုမီတာကွာဝေးပြီး အဖွဲ့ပေါင်းစုံမှ ဂိတ်ပေါင်း ၃၀ ဂိတ်ခန့်တည်ရှိပြီး ယခုတွင်ဂိတ် ၆ ဂိတ်အထက်တွင်သာရှိကြောင်း ကားသမားများက ပြောသည်။

    ယင်းလမ်းမှာ ဒေါနတောင်ကျော်ကားလမ်းဖြစ်ပြီး တောင်ဆင်းတောင်တက်ကားလမ်းဖြစ်ကာ လမ်းခရီးတလျှောက်တွင် ဂ ကွေ့နှင့် ပ ကွေ့ပေါင်း ၂၀ဝ ကျော်ရှိသည့်အပြင် တစ်လမ်းသွားဖြစ်သောကြောင့် မော်တော်ယာဉ်များ တရက်ခြားစနစ်ဖြင့် အဆင်းအတက် အသုံးပြု နေရသည့်လမ်းဖြစ်သည်။

    အဆိုပါလမ်းတွင် တရက်ခြားပြေးဆွဲနေရသည့်ယာဉ်တန်းများမှာ တနေ့လျှင်ကားကြီးကားငယ် ပေါင်း အစီးရေ ၁,ဝ၀ဝ ခန့်ပြေးဆွဲလေ့ရှိပြီး လမ်းခရီးကြာမြင့်ချိန်မှာ ၂ နာရီခွဲခန့်သာ ကြာမည်ဖြစ်သည်။

    အကောက်ခွန်ဂိတ်များလျှော့ချလိုက်သည့်အပေါ် ကုန်သည်များ၊ ခရီးသွားသူများနှင့် လိုင်းကား ပြေးဆွဲနေသည့် ကားသမားများအတွက် ခရီးသွားရာတွင် ပိုမိုအဆင်ပြေနေကြကြောင်း ပြောဆိုနေကြသည်။

    မြဝတီမြို့ရှိ စီးပွားရေးကုန်သည် ဦးနိုင်က “အခု ခရီးသွားသူတွေ မှတ်ပုံတင်မရှိလဲ စစ်ဆေးမှု သိပ်မရှိဘူး၊ အရင်ကဆို ဒဏ်ငွေဆောင်ရတာတို့ ဘာတို့ လုပ်လေ့ရှိတယ်၊ ကားသမားတွေလည်း အဆင်ပြေမယ်”

    အလားတူ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ချောင်းဆုံရွာကြားရှိ အကောက်ခွန်ဂိတ်များလျှော့ချရန်နှင့် ဂိတ်ကြေးများ လျှော့ချကောက်ခံသွားရန် မော်တော်ယာဉ် ထိန်းသိမ်းရေးဌာနနှင့် ဒေသဖွံ့ဖြိုးရေးဌာနတို့ ပူးပေါင်ပြီး ဘုရားသုံးဆူဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ် BGF တို့ အစည်းအဝေးခေါ်ကာ ဆုံးဖြတ်လိုက်သည်။

    လွန်ခဲ့သော ဇန်နဝါရီလ ၂၆ ရက်နေ့က မြဝတီ-ကော့ကရိတ် နှစ်လမ်းသွားကားလမ်းသစ် ဖောက်လုပ်ရန် ထိုင်းနှင့် မြန်မာ ဆောက်လုပ်ရေးဌာနတာဝန်ရှိသူတို့က မဲဆောက်မြို့တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks