spot_img
Saturday, October 4, 2025
More
    spot_img
    Homeသတင်းဒုရဲအုပ်၏ ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး ကိုယ်လက်အင်္ဂါ ချို့ယွင်း

    ဒုရဲအုပ်၏ ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး ကိုယ်လက်အင်္ဂါ ချို့ယွင်း

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာမှ အသက် ၂၄ နှစ်အရွယ် ကိုသက်ပိုင်စိုးအား ချောင်းဆုံရဲစခန်းမှ ဒုရဲအုပ် ကျော်စွာခိုင်၏ ရိုက်နှက်မှုကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းကာ ဆေးရုံတင်ထားရကြောင်း သိရသည်။

    ကိုသက်ပိုင်စိုးကို လူငယ်အချင်းချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားသည့်ကိစ္စတွင် ပါဝင်ပတ်သက်နေသည့် စွပ်စွဲချက်ဖြင့် ရိုက်နှက်ကာ မေလ ၁၉ ရက်နေ့မှစကာ မော်လမြိုင်ဆေးရုံသို့ ဆေးဝါကုသခံနေရသည်။

    ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “ကျနော်ဆေးရုံမှာသွားကြည့်တဲ့အချိန်က လက်နှစ်ဖက်က ဘာမှ လှုပ်လို့မရတော့ဘူး၊ ခေါင်းကိုလည်းထိထားတယ် ကောင်လေးရဲ့ ပြောပြချက်အရဆိုရင် တော်တော်လေးကို အနှိပ်ဆက်ခံထားရတယ်၊ သူအနေနဲ့ကတော့ ဒီအမှုနဲ ဘာမှမဆိုင်ဘူး ပတ်သက်မှုလည်းမရှိဘူးလို့ ကျနော့ကိုပြောတယ်”

    ထိုကဲ့သို့ ပြင်းထန်စွာအရိုက်ခံရပြီးနောက် ချောင်းဆုံဆေးရုံသို့ ဆေးကုသတင်ပို့ထားရာမှ ချောင်းဆုံဆေးရုံက မကုသနိုင်တော့ကြောင်း ပြောကြားသည့်အတွက် မော်လမြိုင်ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသခံယူနေရကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ကိုသက်ပိုင်စိုးနှင့်အတူ လူသတ်မှုနှင့် ပါဝင်ပက်သက်နေသူဟု ယူဆကာ ကွမ်းရိုက်ရွာ၊ ကမာမိုးရွားနှင့် တောင်ဥရွာမှ ရွာသား စုစုပေါင်း ၁၈ ဦးခန့် ဖမ်းဆီးထားပြီး တချို့ကို ပြန်လွှတ်ပေးတာလည်းရှိကြောင်း သိရသည်။

    ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့အနေနဲ့ကတော့ တတ်နိုင်သလောက်ကို ကူညီသွားမယ် ဒီကိစ္စကိုလည်း မွန်ပြည်နယ် ဝန်ကြီးချုပ်အထိကို တင်ထားပါတယ်၊ ပြောရမယ်ဆိုရင် ပြည်သူလူထုတွေ အခုလိုခံနေရတာဟာ အဏာရထားတဲ့ လူတွေအပေါ်မှာ မူတည်နေတယ်၊ ဒါကြောင့် အစိုးရက ဒါကို ထိထိမိမိနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ပြီး အရေးယူဖို့လိုတယ်”

    တရားခံဟု စွပ်စွဲခံရသည့် ကိုသက်ပိုင်စိုးအား ဒုရဲအုပ်မှ မျက်နှာဖုံးစွပ်ကာ ဆိုင်ကယ်နောက်တင်ပြီး အကြိမ်းကြိမ်း ပတ်မောင်ခြင်း၊ ခြေလက်များကို နောက်ပြန်ကြိုးတုပ်၍ ခဲဆွဲခြင်း၊ ကြိုးဖြင့်ချိတ်ဆွဲထားခြင်း၊ ဆေးလိပ်မီးဖြစ်တို့ခြင်း၊ တုတ်ဖြစ်ရိုက်ခြင်း စသည့် ညှင်းပန်းနှိပ်စက်မှုဖြစ် စစ်ဆေးမေမြန်ကြောင်း သိရသည်။

    ကာယကံရှင် မိဘများအနေနှင့်လည်း ထိုဒုရဲအုပ်အား အမှုဖွင့် အရေးယူရန်အတွက်ကိုလည်း မဝံ့ရဲကြောင်း၊ ယင်အမှုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာအောင်နိုင်ဦးအား အကူအညီတောင်ထားကြောင်း သိရသည်။
    ဗွီဒီယိုမှတ်တမ်း။

    ဆက်စပ်သတင်း

    1 COMMENT

    1. စောက်ရှူး ရဲတွေရယ် ရဲအလုပ်ကိုနားမလည်၊လူနှိပ်စက်ဖို့ သတ်သတ်လောက်ပဲ ရဲလုပ်နေကြတယ်။
      ပညာက နှစ်တန်းမအောင် ငတ်ပြတ်ပြီး ရဲလာလုပ်တော့ နှိပ်စက်ပြီး ရိုက်ဖို့လောက်ပဲညဏ်နည်းရှာတာကို။
      နိုင်ငံတကာမှာမြန်မာကို လူအခွင့်အရေးအချိုးဖောက်ခံရဆုံးနိုင်ငံဘာဖြစ်လို့ဖြစ်လဲဆိုတာ ဒါကသက်သေပါပဲ။
      လူသတ်တယ်ပဲထားအုံးဒီလိုနှိပ်စက်ပိုင်ခွင့်မရှိပါ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts