spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းစီမံကိန်းလုပ်ငန်းကြီးများက ပလောင်ဒေသကိုခြိမ်းခြောက်

    စီမံကိန်းလုပ်ငန်းကြီးများက ပလောင်ဒေသကိုခြိမ်းခြောက်

    -

    မင်းသုတ – “စစ်ပွဲများပြန်လည်စတင်စေခဲ့သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တအာင်း(ပလောင်) ပြည်သူများကိုများအပေါ်ခြိမ်းခြောက်လျှက်ရှိနေ” နိဒါန်းအစချီပြီး တအာင်း ကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO က ယမန်နေ့တွင် ပဋိပက္ခလောင်စာများ ခေါင်းစဉ်ဖြင့် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

    အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် TSYO မှအစီရင်ခံစာထုတ်ပြန်ရာတွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။

    “ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ဒီ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလကစပြီး ကျနော်တို့တအာင်း(ပလောင်)တွေနေထိုင်တဲ့ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ ဧရာမစီမံကိန်းကြီးတွေလုံခြုံရေးကြောင့် မြန်မာစစ်တပ်ပိုပြီးတိုးချထားတယ်၊ အဲဒါကြောင့် ပဋိပက္ခတွေပိုများလာတယ်” ဟု မိုင်းအောင်ကိုက ပြောသည်။

    မြန်မာစစ်တပ်တို့သည် ကျေးရွာများအတွင်းသို့ ပြောင်းရွှေ့အခြေချပြီးနောက် ဒေသခံလူထုအပေါ် အတင်းအဓ္ဓမစေခိုင်းခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းအပြင် သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ၄င်းအစီရင်ခံစာတွင် အထောက်အထားများနှင့်တကွ ရေးသားတင်ပြထားသည်။

    ထို့အပြင် မြန်မာနိုင်ငံမှတဆင့် တရုပ်နိုင်ငံသို့သွယ်တန်းမည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းများသည် လက်ရှိတွင် တအာင်းနယ်မြေအတွင်း သွယ်တန်းလျှက်ရှိပြီး ရွှေလီမြစ်ပေါ်၌ ရေကာတာကြီးနှစ်ခုတည်ဆောက်နေသည်ဟုလည်း အစီရင်ခံစာတွင် ရေးသားဖေါ်ပြသည်။

    “စစ်တပ်တွေပိုများလာတော့ ဒေသခံတွေကိုပေါ်တာဆွဲတာ အဓ္ဓမလုပ်အားပေးစေခိုင်းတာ လူ့အခွင့်အရေးအမျိုးမျိုးချိုးဖောက်တာ အခုမှပိုများလာတာကို ကျနော်တို့အဓိကထောက်ပြချင်တယ်” မိုင်းအောင်ကိုက ပြောသည်။

    အထူးသဖြင့် နမ္မတူနှင့် နမ့်ခမ်းကြား စီမံကိန်းလုပ်ငန်းဖေါ်ဆောင်ရာတွင် ကျောက်မဲ၊ နမ္မတူတပ်ရင်းများမှမြန်မာစစ်သားများကို တစ်နေ့ ၅၀၀၀ိ-ငါးထောင်ကျပ်နှုန်း၊ အရာရှိများကို တစ်သောင်းကျပ်နှုန်းဖြင့် တရုပ်ကုမ္ပဏီတို့က လုံခြုံရေးငှားထားကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

    ထို့အပြင်ဒေသခံပလောင်လူငယ်အများအပြားသည်လည်း နေအိမ်များကိုစွန့်ခွာ၍ တရုပ်နိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်ခြင်းများနှင့် ဧပြီလအတွင်းဖြစ်ပေါ်ခဲ့သော ကချင်ပြည်နယ်ထိုးစစ်များကြောင့် ဒေသတွင်းလူအင်အားမရှိသဖြင့် ပလောင်ရိုးရာလက်ဖက်ခူးလုပ်ငန်းများ ကျဆင်းခဲ့သည်ဟုလည်း ထောက်ပြထားသည်။

    တအာင်း ကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO သည် ယမန်နှစ်တွင် ခြံမြေများအဓမ္မသိမ်းပိုက်ခြင်း၊ ထိန်းချုပ်မှုအောက်ကမြစ်ရွှေလီီ စသောအစီရင်ခံစာများကို ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ဂက်စ်ပိုက်လိုင်း အစီရင်ခံစာကိုလည်း ထုတ်ပြန်မည်ဟု သိရသည်။

    ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက်န တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO နှင့်ပတ်သက်၍ အင်တာနက်ဝဘ်ဆိုက်စာမျက်နှာ www.palaungland.org တွင်ဝင်ရောက် ဖတ်ရှုနိုင်သည်။

    ပလောင်လူမျိုးဟု လူသိများသော တအာင်းတိုင်းရင်းသားတို့သည် လူဦးရေတစ်သန်းကျော်ရှိပြီး ရှမ်းပြည်နယ်နှင့် တရုပ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ တောင်တန်းများ၌ နေထိုင်ကြသည်ဟု TSYO အစီရင်ခံစာတွင် ဖေါ်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks