spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းအိန္ဒိယအနွယ်လှေစီးဒုက္ခသည် ၈၀ ကျော် မွန်ငါးဖမ်းလှေများကယ်တင်ခဲ့

    အိန္ဒိယအနွယ်လှေစီးဒုက္ခသည် ၈၀ ကျော် မွန်ငါးဖမ်းလှေများကယ်တင်ခဲ့

    -

    မင်းသုတ – အိန္ဒိယအနွယ်ဖွားများကိုတင်ဆောင်လာသော စက်လှေတစ်စီး ကပ္ပလီပင်လယ်ပြင်အတွင်း စက်ပျက်မျောပါနေသဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အင်ဒင်ရွာသစ်(ငါးမျှားစခန်း)သို့ ဒေသခံ မွန်ငါးဖမ်းလှေများက ယမန်နေ့ညနေပိုင်းတွင် ကမ်းစပ်သို့ကယ်တင်နိုင်ခဲ့သည်။

    “စုစုပေါင်း ၈၆ ယောက်၊ အမျိုးသမီးတစ်ယောက်၊ ယောကျာ်းငယ်လေးတစ်ယောက်၊ မိန်းခလေးငယ်နှစ်ယောက်၊ အားလုံးထဲမှာ ဗမာစကားပြောတတ်တာ အနည်းအကျဉ်းပဲပါလာတယ်” ဟု အင်ဒင်ရွာသစ်နေ တံငါသည်တစ်ဦးကပြောသည်။

    ၄င်းတံငါသည်အပြောအရ ၄င်းအိန္ဒိယအနွယ်ဖွား လှေစီးဒုက္ခသည်တို့သည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်မှ စက်လှေတစ်စီးဖြင့် စီးနင်းခရီးထွက်ခွာလာစဉ် စက်ချို့ယွင်းပြီး ကပ္ပလီပင်လယ်ပြင်တွင် မျောပါနေခဲ့ခြင်းဖြစ်သည်။

    ၄င်းလှေစီးဒုက္ခသည်များသည် ပင်လယ်ပြင်တွင် ၁၇ ရက်ကြာ မျောပါနေခဲ့ပြီး သောက်သုံးရေနှင့်ဆန်ရိက္ခာများလည်း ပြတ်တောက်နေပြီဟုလည်း ကယ်ဆယ်ခဲ့သူမွန်တံငါသည်က ပြောသည်။

    “ဒီဒုက္ခသည်တွေစားသောက်ရေးကို ကျနော်တို့အင်ဒင်ကျေးရွာအုပ်စုက တာဝန်ယူပေးပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေလည်းရောက်လာပါတယ်၊ ဒီဒုက္ခသည်တွေကို ရေတပ်ကလုံခြုံရေးယူထားတယ်၊ သူတို့ရှေ့ခရီးဆက်ဖို့ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ မသိရသေးဘူး” ဟု အင်ဒင်ရွာ ဆယ်အိမ်မှူးတစ်ဦးက ပြောသည်။

    အဆိုပါ လှေစီးဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ရေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ဒေသခံအကူအညီပေးသူများမသိရှိရသေးပေ။

    အလားတူ ဘင်္ဂါလီလူမျိုး ဒုက္ခသည် ၉၀ ဦး စီးနင်းလာသည့် လှေတစင်း လွန်ခဲ့သည့်မတ်လ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဝါးကုန်းကမ်းခြေအနီး စက်ပျက်သဖြင့် လာရောက်ဆိုက်ကပ်ခဲ့သည်ဖြစ်ရပ်များရှိခဲ့ပြီး မြန်မာအာဏာပိုင်များက နေရပ်ရင်းသို့ပြန်ပို့ခဲ့သည်။

    ထို့အပြင် ထိုင်းနိုင်ငံရေပိုင်နက်များတွင်းလည်း စက်လှေစီးရွှေ့ပြောင်းအလုပ်သမား အိန္ဒိယအနွယ်ဖွားများကို မကြာခဏဖမ်းဆီးမိသည့် ဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts