spot_img
Sunday, February 23, 2025
More
    spot_img
    Homeသတင်းမိုးကြိုးပစ်၍ လူတစ်ဦးသေးဆုံး ၂၈ ဦး ဒဏ်ရာရ


    မိုးကြိုးပစ်၍ လူတစ်ဦးသေးဆုံး ၂၈ ဦး ဒဏ်ရာရ


    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ စျေးအတွင်း၌ ယမန်နေ့မနက် ရ နာရီ မီနစ် ၂၀ ခန့်က
မိုးကြိုးပစ်ခံရ၍ လူ ၂၈ ဦး ထိခိုက်ဒဏ်ရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

    သေဆုံးသူမှာ အသက် ၄၅ နှစ်ရှိ မပြုံးဖြစ်ပြီး၊ ကျန်ထိခိုက်ဒဏ်ရာရသူများကို ကညှော်ဆေးရုံးသို့ ပို့ဆောင်ဆေးကုခံယူနေသည်။ ထိခိုက်ဒဏ်ရာရသူအများစုမှာ လူလတ်ပိုင်းများဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၁၈ နှစ်ဖြစ်သည်။

    “ မနေ့က ကျနော်သွားကြည့်တဲ့အချိန်မှာတော့ တစ်ချို့က လက်တွေထုံနေတယ် တစ်ချို့က ခြေထောက်တွေ ထုံနေတယ် ဒါပေမဲ့ မဆိုးရိမ်းရတော့ဘူးလို့ တာဝန်ကျ ဆရာဝန်ကပြောတယ်၊ နောက်ထပ် ဆေးရုံမှာ တစ်ရက် နှစ်ရက်လောက် နေရင် ဆင်းရမယ်တဲ့၊ တစ်ယောက်တော့ ဆုံးသွားပြီး” ဟု ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောပါသည်။

    

ယနေ့တွင်လည်း ပြည်နယ်ဥပဒေချုပ်အဖွဲ့နှင့် ပြည်နယ် ကြက်ခြေနီအသင်းတို့မှလည်း ထိခိုက်ဒဏ်ရာရသူများအား အထောက်အပံ့ ပစ္စည်များ လာရောက်ကူညီထောက်ပံ့ရန် ရှိကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    

“ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး၊ ဒါပထမဆုံးဖြစ်တာပဲ၊ အဲဒီမနက်က မိုးနည်းနည်းရွာနေတယ် စျေးဘေးက သစ်ပင်ကိုထိပြီးမှ အဲဒီစက်ကွင်းမှာရှိနေတဲ့လူတွေကို ပြန်ထိတာ၊ အဲဒီအချိန်ကလည်း စျေဝယ်တဲ့ အချိန်ဆိုတော့ လူတွေတော်တော်စည်တဲ့အချိန်လည်းဖြစ်နေတယ် ” ဟု ကညှော်ရွာခံ နိုင်မောင်ငယ်က ပြောသည်။

    

သေဆုံးသွားသူလည်း မီးလောင်ထားသကဲ့သို့ အမဲကွက်များ ဖြစ်နေကြောင်း၊ မိမိတို့ရွာတွင် တစ်ခါသာဖြစ်ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

    

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ အငြိမ်းစား ဒေါ်က်တာထွန်းလွင်က “မိုးကြိုးပစ်တဲ့ အကြောင်းအရင် ဖြစ်ရတာကတော့ အဓိက မိုးတိမ်တွေကြောင့် ရာသီဥတု အပြောင်အလဲတွေကြောင့် ဖြစ်များတယ်၊ ဒါကြောင့် မိုးကြိုးပစ်ပြီး လူတွေသေနေကြတယ်၊ အခုဆိုရင် မြန်မာပြည်မှာ ရ နှစ်ဖြစ်နေပြီး၊ ဒီနှစ်အတွက်ကတော့ ပိုလာသလားဆိုတာတော့ မပြောနိုင်သေးဘူး ဘာလို့လည်းဆိုတော့ အခုအချိန်အထိ စာရင်းမချုပ်ရသေးဘူး၊ ဒီလအတွင်းမှာတော့ မိုးကြိုပစ်တဲ့ ဖြစ်စဉ်တွေ တစ်လလုံး ဖြစ်လိမ့်မယ်” ဟု သုံးသပ်သည်။

    

ယခုနှစ်မိုးဦးရာသီမှစ၍ မြန်မာနိုင်ငံရှိ နေရာဒေသတိုင်းတွင် မိုးကြိုပစ်၍ သေဆုံးမှုများကို နိုင်ငံတော်ပိုင် မြန်မာသတင်းစာများ၌ မကြာခဏ ဖော်ပြထားပြီး သေးဆုံးမှုများလည်း ရှိသည်။





    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts