spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ပြည်တွင်းငြိမ်းချမ်းရေး နောက်ပြန်မဆုတ်ရေး

    ပြည်တွင်းငြိမ်းချမ်းရေး နောက်ပြန်မဆုတ်ရေး

    -

    မကြာသေးမီ ကာလက သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီတရပ်ဖွဲ့ စည်းလိုက်ခြင်းသည် အနာဂတ်ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော လက္ခဏာဖြစ်ပေသည်။ ထို့ သို့ ဖွဲ့ စည်းလိုက်ခြင်းသည် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့ အစည်းများမှ လိုလားတောင့်တသည့် ‘နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသည့် တောင်းဆိုချက်’ နှင့်လည်း ကိုက်ညီပေသည်။

    မြန်မာနိုင်ငံ၏ သမိုင်း၌ ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ယူပြီး ဆွေးနွေးပွဲများပြုလုပ်ခဲ့သည့်အတွေ့ အကြုံ ရှိခဲ့ပေသည်။ ၁၉၆၂-၁၉၆၃ ခုနှစ်ကာလ နိုင်ငံရေးဆွေးနွေးမှုများတွင် တော်လှန်ရေးကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား လက်နက်ချရန် ဖိအားပေး တိုက်တွန်းခဲ့သည်။ ထို့ ကြောင့် တွေ့ ဆုံဆွေးနွေးပွဲကိစ္စ မအောင်မြင်ခဲ့ပေ။

    ၁၉၉၀ ခုနှစ်နောက်ပိုင်း ထောက်လှမ်းရေးအကြီးအကဲ (သို့ မဟုတ်) နဝတ၊ နအဖအစိုးရအဖွဲ့ ဝန်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီးခင်ညွန့်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိအောင် ဆောင်ရွက်ခဲ့သည်။ သို့ သော် ဝန်ကြီးချူပ် ဦးခင်ညွန့် မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကို အလေးမထားပဲ နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးရန် ပြောကြားခဲ့သည်။

    သို့ ရာတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် ‘နယ်ခြားစောင့်တပ်’ အစီအစဉ်နှင့် ‘ပြည်သူ့ စစ်အစီအစဉ်’ များကြောင့် တိုင်းရင်းသားများနှင့် ပြုလုပ်ထားသည့် အပစ်အခတ်သဘောတူညီချက်မှာလည်း ပျက်ပြယ်ခဲ့သည်။

    အတိတ်ဖြတ်သန်းမှုသည် ကျွန်ုပ်တို့ အတွက် သင်ခန်းစာ ဖြစ်ရပေမည်။ အတိတ်က မှားယွင်းခဲ့သည်များကို နောင်တွင် ထပ်မံမှားယွင်းမှု မရှိစေရန် အထူးပင် သတိပြုရပေမည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီအနေဖြင့် အတိတ်မှ သင်ခန်းစာကို အထူးသတိချပ်သင့်ပြီး ယခု နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်းနိုင်ရန် အထူးသတိပြုသင့်ပေသည်။

    ထို့ အပြင် မြန်မာနိုင်ငံ၏ ပြဿနာသည် လွတ်လပ်ရေးရရှိပြီးကတည်းက ဖြစ်ပေါ်လာသည့် ပြဿနာဖြစ်သည်။ ပြည်ထောင်စုအရေး နှင့် သက်ဆိုင်ပြီး မှန်ကန်သည့် ပြည်ထောင်စုတရပ်တည်ထောင်ရန်နှင့် တိုင်းရင်းသားတို့ အား ပေးသင့် ပေးထိုက်သော အခွင့်အရေးများကို ပေးအပ်မှသာလျှင် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။

    နိုင်ငံတော်ခေါင်းဆောင်များအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်လုုိသည် ဆိုပါက လောလောဆယ်ဆယ်တွင် ကချင်ဒေသ၌ ဖြစ်ပွားနေသော စစ်ပွဲများကိုချက်ချင်းရပ်စဲသင့်ပေသည်။ ထိုကချင်ဒေသတိုက်ပွဲသည် ပြည်သူများ၏ အမြင်တွင်လည်းကောင်း၊ တိုင်းရင်းသားတို့ ၏ အမြင်တွင်လည်းကောင်း၊ နိုင်ငံတကာ၏ အမြင်တွင်လည်းကောင်း၊ သမ္မတကြီး မြွက်ကြားထားသည့် ထာဝရငြိမ်းချမ်းရေးခရီးစဉ်နှင့် ဆန့် ကျင်ဘက် ဖြစ်နေပေသည်။ ထို်ကချင်ဒေသ တိုက်ပွဲရပ်ဆိုင်းသွားအောင် အဖက်ဖက်မှ အမြန်ကြိုးပမ်းပေးသင့်သည်။

    ဒီမိုကရေစီရှင်သန်ဖွ့့ံ ဖြိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် အထူးဆက်စပ်နေသည် နိုင်ငံရေးအကြောင်းတရားများ ဖြစ်ပေသည်။ ငြိမ်းချမ်းရေး မရှိပါက ဒီမိုကရေစီစနစ်ကြီးသည်လည်း ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ ကြောင့် လက်ရှိနိုင်ငံတော်ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်အောင် အမျှော်အမြင်ရှိရှိ သည်းခံ ဆောင်ရွက်သင့်ပြီး ယခုရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှသည် နိုင်ငံရေး သဘောတူညီချက် ရရှိသည်အထိ ဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks