spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၂၅၅ နှစ်မြောက် ဟံသာဝတီမွန်နေပြည်တော် ကျဆုံးခြင်းအခမ်းအနားကျင်းပ

    ၂၅၅ နှစ်မြောက် ဟံသာဝတီမွန်နေပြည်တော် ကျဆုံးခြင်းအခမ်းအနားကျင်းပ

    -

    မင်းသုတ – မွန်အမျိုးသားရေးရာအဖွဲ့ချုပ် MAU မှကြီးမှူး၍ ၂၅၅ နှစ်မြောက် ဟံသာဝတီမွန်နေပြည်တော်ကျဆုံးခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့(ဝင်းကရွာ)၌ ယမန်နေ့နံနက်ပိုင်းတွင် အခမ်းအနားကျင်းပခဲ့သည်။

    ဟံသာဝတီကျဆုံးသည့်ကာလအတွင်း ကွယ်လွန်သူများအတွက်အမျှပေးပေခဲ့ပုံ-ဝင်းကရွာ(Photo-IMNA)
    စံခလပူရီမြို့၊ Sangkhlia Resort ၌ နံနက်(၇) နာရီတွင် မွန်သံဃာတော်(၉) ပါးအား ဆွမ်းကျွေးတရားတော်နာယူခဲ့ပြီး နံနက်(၈)နာရီအချိန်တွင် ဟောပြောမှုအစီအစဉ်ကို ၄၅ မိနစ်ကြာမျှကျင်းပခဲ့သည်။

    အခမ်းအနားသဘာပတိတစ်ဦးဖြစ်သူ နိုင်ကောင်းတလရွတ်က “ပဲခူးဟံသာဝတီပြည်ကြီးကျဆုံးခဲ့တာကို သင်ခန်းစာတွေရယူနိုင်တယ်၊ လက်ရှိပစ္စုပ္ပန် မွန်အမျိုးသားတွေရဲ့အခြေအနေကို သုံးသပ်ပြီး အနာဂတ်ကို ဘယ်လိုတည်ဆောက်သွားရမလဲဆိုတာကိုလည်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ဦးဆောင်မှုနဲ့အတူ အမျိုးသားညီညွတ်ရေးကိုတည်ဆောက်ကြပါ” ဟု နိဂုံးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ယင်းအခမ်းအနားသို့ နယ်စပ်ရှိမွန်လူမှုအဖွဲ့အစည်းအသီးသီးမှ လူအင်အားတစ်ရာကျော်တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    “မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲပြီးကာလမို့ နယ်စပ်ကလူငယ်တွေ ပြည်တွင်းဖက်ကိုဝင်ရောက်သွားကြတယ်၊ ဒါကြောင့် အရင်နှစ်တွေထက် ဒီနှစ်က လူငယ်အင်အား ပိုနည်းသွားတာဖြစ်တယ်” ဟု ကျင်းပရေးအဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

    အလားတူအခမ်းအနားများကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ဝပ်ခွပ်မွန်ဘုန်းတော်ကြီးကျောင်းတွင်၄င်း၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်၄င်း အခမ်းအနားဖြင့် ကျင်းပခဲ့ကြသည်။

    စံခလပူရီမြို့၊ ဝင်းကရွာ၏ ၂၅၅ နှစ်မြောက်ဟံသာဝတီမွန်နေပြည်တော် ကျဆုံးခြင်းအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဌနိုင်ဝံသ က “လွန်ခဲ့တဲ့ ၅ နှစ် အနှစ် ၂၅၀ မြောက် ဟံသာဝတီပြည်ကျဆုံးတဲ့နှစ်ကစပြီး တတိယနိုင်ငံရောက်မွန်တွေ၊ ထိုင်းနယ်စပ်နဲ့ ပြည်တွင်းကမွန်တွေ ဒီအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာနဲ့စပြီးကျင်းပခဲ့ကြတာ ဒီနှစ်အထိပါပဲ၊” ဟု ပြောသည်။

    ထို့အပြင် အမေရိကန်၊ ကနေဒါ၊ သြစတေလျ၊ နယူးဇီလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အင်္ဂလန်ရောက် မွန်တိုင်းရင်းသားများကလည်း အခမ်းအနားများကျင်းပခဲ့သည်။

    ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လဆုတ်(၈) ရက်နေ့တွင် အလောင်းမင်းတရားကြီးဦးအောင်ဇေယျက မွန်နေပြည်တော်ဟံသာဝတီ(ပဲခူး) ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သောနေ့ရက်ကို ဟံသာဝတီကျဆုံးသည့်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks