spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းအပြောင်းအလဲကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ်နေဆဲဟု ND-Burma ပြော

    အပြောင်းအလဲကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ်နေဆဲဟု ND-Burma ပြော

    -

    လွတ်လပ်သောမွန်သတင်အေဂျင်စီ – အစိုးရသစ်တက်လာပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ပြောကြားလိုက်သည်။

    သမ္မတဦးသိန်းစိန်နှင့် သူ၏ အစိုးရ တာဝန်စယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် မတ်လထိ အစိုးရနှင့် အစိုးရထောက်ခံသူများ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှု စုစုပေါင်း ၄၁၅ ခု ရှိခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “အခုလို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းကာလမှာ အစိုးရအနေနဲ့ လုပ်ပေးသင့်တာက ဘာလဲဆိုရင် တရားဥပဒေစိုးမိုးမှု ပေါ်ထွန်းလာစေဖို့၊ အနာဂါတ်မှာ လူ့အခွင်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်စေဖို့ အတိတ်ကာလက လူ့အခွင်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းပေးသင့်ပါတယ်” ဟု ကွန်ရက်၏ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင် နိုင်အွန်းမွန်က ပြောသည်။

    အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း ညှင်းပန်းနှိပ်စက်မှုဖြစ်ရပ် ၈၅ ခု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ဖြ်စ်ရပ် ၅၉ ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ ဖျက်ဆီးခံရခြင်း ဖြစ်ရပ် ၁၁၄ ခု ရှိသည်ဟု ပါရှိသည်။

    “လက်နက်ကိုင်တိုင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကျမတို့ ကြိုဆိုထောက်ခံတယ်၊ ဒါပေမယ့် အားလုံးတပြေညီ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ဖို့လိုတယ်” ဟု ကွန်ရက်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် မွန်းနေလီက ထုတ်ပြန်ချက်တွင် ပြောထားသည်။

    ၄င်းပြင် အရပ်သားအစိုးရသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုများ ရရှိအောင် ဆောင်ရွက်နေသော်လည်း စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တဖွဲ့ချင်းအလိုက် အပစ်ရပ်သဘောတူညီမှုများမှသည် နိုင်ငံအဝှမ်း အပစ်ခတ်ရပ်စဲရေးအထိ ပြောင်းလဲနိုင်ရေး ဦးတည်ချက် အရာမထင်ဖြစ်နေသေးကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

    ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ၁၃ ဖွဲ့ဖြင့် ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်း ပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆာင်ရွက်ရေးအတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသောအားဖြင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) အဖွဲ့တွင် မြန်မာ့အရေးရာ(BI)၊ လူ့အခွင့်အရေးမှတ်တမ်းတင်ဌာန(HRDU)၊ လူ့အခွင့်အရေးမှတ်တမ်းတင်ဌာန-မြန်မာနိုင်ငံ(HREIB)၊ Earth Right International(ERI)၊ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)၊ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)၊ လားဟူအမျိုးသမီးအ စည်းအရုံး(LWO)၊ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး(AASYC)၊ ရိုးမ-၃ သတင်းဌာန (Yoma-3) တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks