spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းအစိုးရ စာသင်ကျောင်းတွင် မွန်စာပေကို စနေ၊ တနင်္ဂနွေ နှစ်ရက်တွင်သာသင်ကြားခွင့်ရ

    အစိုးရ စာသင်ကျောင်းတွင် မွန်စာပေကို စနေ၊ တနင်္ဂနွေ နှစ်ရက်တွင်သာသင်ကြားခွင့်ရ

    -

    လရီထော – မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းတွင် မွန်စာပေကို စနေ၊ တနင်္ဂနွေ နှစ်ရက်တွင်သာ သင်ကြားခွင့်ပြုလိုက်ကြောင်း မွန်အမျိုးသားပညာရေးဌာန (ဗဟို) က ပြောသည်။

    ဧပြီလ ၁၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းတို့ တွေ့ဆုံခဲ့ကြစဉ် အစိုးရစာသင်ကျောင်းအတွင်း မွန်စာပေသင်ကြားခွင့်ပေးရန် မွန်အမျိုးသားပညာရေးဌာန (ဗဟို) တာဝန်ခံ မိစားတားက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    “ပညာရေးဌာန (ဗဟို)အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ ဒီမေလထဲမှာ အစိုးနဲ့ ပြန်လည် ညှိနှိုင်းဖို့ ရှိသေးတယ်” ဟု ဗဟို ကော်မတီ ပညာရေးဌာနမှတာဝန်ရှိသူတဦးကပြောသည်။

    မွန်အမျိုးသားပညာရေးဌာန (ဗဟို) ဌာန၏ အဓိက ရည်ရွယ်ချက်မှာ မွန်စာပေနှင့် ယဉ်ကျေးမှုကို အဓိကထား ထိန်းသိမ်းရန်၊ မွန်လူငယ်များ မွန်စာကို သင်ကြားပေးနိုင်ရန်နှင့်၊ မွန်သဒ္ဒါအသုံးအနှုန်း မှန်ကန်စွာ သုံးနှုန်းနိုင်ရန်အတွက်သင်ကြားပေးရန်တို့ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်မှစပြီး မော်လမြိုင်မြို့နယ်၊ ကော့ဂရိတ်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေးမြို့နယ်တောင်းပိုင်းနှင့် မြောက်ပိုင်းရှိ အစိုးရစာသင်ကျောင်းများတွင် မွန်စာသင်ကြားခွင့်ရသည့် ကျောင်း စုစုပေါင်း ၁၀၉ ကျောင်းသာရှိခဲ့သည်။

    သို့သော် လက်ရှိတွင် မွန်ပြည်နယ်တခုလုံးအတွင်း အစိုးရစာသင်ကျောင်းပေါင်း ၄၀၀ ခန့် မွန်စာပေသင်ကြားခွင့်ရနိုင်ရန် မွန်အမျိုးသားပညာရေးဌာန (ဗဟို)ကစီစဉ်ထားပြီး ၃ နှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ဟု အဆိုပါ ဗဟို ကော်မတီ ပညာရေးဌာနမှတာဝန်ရှိသူက ပြောသည်။

    ၄င်းက “စီစဉ်ထားတာက ဒီ ၂၀၁၂ ကနေစပြီးတော့ အကောင်အထည်ဖော်သွားမယ်၊ သူငယ်တန်းကနေ ၄ တန်းအထိ သင်သွားမယ်၊ ကလေးတွေကို မွန်ဖတ်စာကိုတော့မွန်ပညာရေးဌာနကထုတ်တဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်သွားမယ်”ဟုပြောသည်။

    သင်ကြားမည့် အကြောင်းအရာများတွင် အထူးသဖြင့် မွန်သမိုင်းအကြောင်း၊ ကဗျာ၊ မွန်ယဉ်ကျေးမှု အနုပညာနှင့် မွန်သဒ္ဒါများပါ၀င်မည်ဖြစ်သည်။

    လွတ်လပ်ရေး ရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေ သင်ကြားခွင့် ရရှိခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် မွန်ပညာရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ်ပေးပြီး မူလတန်းအဆင့်တွင် မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့သည်။

    မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှ စပြီး၊ မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ၊ ကျောင်းအချို့တွင်သာ နားလည်မှု ယူကာ၊ အချိန်ပိုင်းအနေနှင့် အနည်းငယ် သင်ကြားခွင့် ရရှိခဲ့သည်။

    ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ အစိုးရကျောင်းများ၌ မွန်စာပေ သင်ကြားမှုကို အလုံးစုံ ပိတ်ပင်ခဲ့ပြီး၊ လူဦးရေ ၃ သန်းခန့် ရှိသည့် မြန်မာနိုင်ငံ အောက်ပိုင်းတွင် နေထိုင်သည့် မွန်လူမျိုးများမှာလည်း အခြားတိုင်းရင်းသားများ နည်းတူ မိခင်စာပေ သင်ကြားခွင့် ဆိတ်သုဉ်းခဲ့သည်။
    သို့သော်လည်း ၁၉၇၂ ခုနှစ်မှ စ၌ မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး အတန်းပညာရေးစနစ်ဖြင့် မွန်စာပေကို သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks