spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းတန်ပိုကြေးဆယ်ဆကြောင့် ကားသမားများ တွက်ခြေမကိုက်

    တန်ပိုကြေးဆယ်ဆကြောင့် ကားသမားများ တွက်ခြေမကိုက်

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် မော်လမြိုင်-မုဒုံ- သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် တန်ပိုတင်ဆောင်လာသည့် မော်တော်ယာဉ်များကို တန်ပိုကြေးဆယ်ဆနှုန်းကောက်ခံနေကြောင်း ကားသမားများက ပြောသည်။

    လက်ရှိ မော်လမြိုင်(ကြာအင်း) B.O.T ဂိတ်(Photo-IMNA)
    လက်ရှိ မော်လမြိုင်(ကြာအင်း) B.O.T ဂိတ်(Photo-IMNA)

    အေးကိုမိသားစုဆောက်လုပ်ရေးကုမ္မဏီမှ မော်လမြိုင်-ရေး (မလွှဲတောင်)လမ်းပိုင်းတွင် B.O.T စနစ်ဖြင့်တာဝန်ယူပြီး ကုန်တင်ယာဉ်များကို မော်လမြိုင်(ကြာအင်း)၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့၊ မြို့ဝင်ဂိတ်များတွင် လမ်းတံတားကြေးကောက်ခံနေခြင်း ဖြစ်သည်။

    ၎င်းက “မော်တော်ကားတွေ တန်ပိုတင်လာလို့ရှိရင် တစ်တန်ကို ဆယ်ဆနှုန်း ဒဏ်ငွေရိုက်တယ်၊ အခွန်ခက တအားကောက်တယ် လမ်းကျတော့ ပြင်ဆင်တာသိပ်မရှိဘူး” ဟု ပြောသည်။

    အချို့ ကုန်တင်ကားများအား တန်ပိုမည်မျှကုန်ကျသည်ကို ရှင်းလင်းပြောကြားခြင်းမရှိဘဲ ၎င်းဂိတ်များစိတ်ကြိုက် သတ်မှတ်သောစျေးနှုန်းအတိုင်း ကောက်ခံနေသည်ဟုလည်း ကုန်တင်ကားသမားများက ပြောသည်။

    ကုန်ပစ္စည်းတင်ဆောင်ရန်အတွက် ပြေးဆွဲနေကြသော မော်တော်ကားများသည် စက်သုံးဆီနှင့် အခွန်အခစရိတ်များအတွက် ဝန်ပိုတင်ဆောင်ကြရခြင်းဖြစ်ကြောင်း ကားသမားများက ပြောသည်။

    လမ်းအသုံးပြုခ သတ်မှတ်နှုန်းထားအချို့မှာ တစ်မိုင်လျှင် ၂ တန်အောက်ယာဉ်- ၂ကျပ်၊ ၂ တန်မှ ၅.၅တန်-၅ကျပ်၊ ၂ တန်အောက်ကုန်တင်ယာဉ်-၆ကျပ်၊ ၂တန်မှ ၅.၅ တန်ထိ ကုန်တင်ယာဉ်-၈ကျပ်၊ ၅.၅ တန်အထက်မှ ၁၆ တန်အထိခရီးသည်တင်ယာဉ်ကြီး-၁၀ကျပ်နှင့် ကိုယ်ထည်အလျှား ၁၅ ပေမှ ၂၀ ပေအထိ ယာဉ်နှင့် ကုန် ၁၀ တန် ကုန်တင်ယာဉ်လတ် ၆ ဘီးကား- ၁၃ ကျပ်ဖြစ်သည်။

    မော်လမြိုင်-ရေး (မလွှဲတောင်) အပိုင်း လမ်းမိုင်အရှည် (၁၁၂) မိုင် (၆)ဖာလုံကို အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမီတက်သို့ ၁၆-၃-၂၀၁၁ ရက်နေ့မှစတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တည်ဆောက်နိုင်ရန် သက်ဆိုင်ရာမှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည်။

    ၎င်းကုမ္မဏီသည် လွန်ခဲ့သည့်မိုးရာသီကာလတွင် လမ်းချိုင့်များပြုပြင်ခြင်းမရှိသဖြင့် မော်တော်ကားများသွားလာမှုခက်ခဲနေသော်လည်း လမ်းအသုံးပြုခများကို နေ့စဉ်မပြတ်ကောက်ခံ နေခဲ့သည်။

    အေးကိုမိသားစုဆောက်လုပ်ရေးကုမ္မဏီသည် B.O.T စနစ်ဖြင့် ဘားအံ- ကော့ကရိတ်-မြဝတီ လမ်းမကြီး ပြင်ဆင်ဖောက်လုပ်မှုနှင့် မော်လမြိုင်- မုဒုံ- သံဖြူဇရပ်-ရေး(မလွှဲတောင်) လမ်းပိုင်း၊ လမ်းတံတားစီမံကိန်း လုပ်ငန်းများကို လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks