spot_img
Tuesday, October 14, 2025
More
    spot_img
    Homeသတင်းအကျဉ်းလွတ်ပါတီဝင်နှစ်ဦးကို မွန်ပြည်သစ်ဥက္ကဌထံလွှဲအပ်

    အကျဉ်းလွတ်ပါတီဝင်နှစ်ဦးကို မွန်ပြည်သစ်ဥက္ကဌထံလွှဲအပ်

    -

    ကျလွန်းထော – ထောင်ဒဏ် တစ်သက်တစ်ကျွန်းအကျဉ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား မွန်ပြည်သစ်ပါတီ ဥက္ကဌထံသို့ ယမန်နေ့မွန်းလွဲပိုင်းတွင် လွဲအပ်ပေးခဲ့ပြီးဖြစ်သည်။

    အကျဉ်းလွတ်ပါတီဝင်နှစ်ဦးကို မွန်ပြည်သစ်ဥက္ကဌထံလွှဲအပ်သည့်အခမ်းအနား(Photo-YPI)

    မော်လမြိုင်မြို့ Strand Hotel ၌ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် လျှပ်စစ်ဝန်ကြီးဦးဇော်မင်းမှှဒကှ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်ထံ အကျိုးတော်ဆောင်များ ရှေ့မှောက်တွင် အပ်နှံခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်စိုးမြင့်က ပြောသည်။

    အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေး တို့ကို ယမန်နေ့တွင် နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သက်ဆိုင်ရာ ထောင်အသီးသီးလွှတ်ပေးခဲ့သည်ဟု သိရသည်။

    “လျှပ်စစ်ဝန်ကြီးဦးဇော်မင်း ကိုယ်တိုင်က ဥက္ကဌကြီးလက်ထဲကို အပ်ပေးတယ်၊ ပြီးတော့ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင်သွားဖို့လည်း မှာကြားသွားပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်စိုးမြင့်က ပြောသည်။

    မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြဿနာ ကိစ္စရပ်များကို ဖြေရှင်းပြီးမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောဆိုခဲ့သည်။

    “ကျနော်လွတ်လာပြီး အခု မွန်ပြည်သစ်ထံအပ်နှံတဲ့အခမ်းအနားကိုရောက်နေပါတယ်၊ ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဘာပြောရမလဲတောင် မသိဘူး၊ အားလုံးကို ကျေးဇူတင်ပါတယ်” ဟု နိုင်ယက္ခက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

    အလားတူ နိုင်မျိုးသွေးကလည်း “အကျဉ်းထောင်ထဲရှိနေတဲ့ကာလတွေမှာ ဘာသတင်းမှလည်းမကြားသိရဘူး၊ ဒီမနက် ထောင်ကထွက်လာပြီး အခု ဟော်တယ်ကိုရောက်လာတယ်၊ အမှောင်ကနေ အလင်းကို ချက်ချင်းရောက်လာတော့ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိသေးဘူး၊ အရမ်းဝမ်သာပါတယ်” ဟု ပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်များ လေးကြိမ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာတွင် ၄င်းနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် မွန်ပြည်သစ်ပါတီမှ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

    ယခင် နအဖ စစ်အစိုးရတို့က နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံရန်ကြိုးစားမှုဖြင့် အကွက်ဆင်ဖမ်းဆီးခဲ့ရာတွင် ၄င်းတို့နှင့်အတူ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့နှင့်အတူ ၁၂ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။

    ၄င်းနောက် နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ် စီရင်ချက်ခြင်းခံရပြီး အယူခံဝင်ရာမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျော့ချပေးခဲ့သည်။

    နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီ၏ ခရိုင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး နိုင်မျိုးသွေးမှာ သံဖြူဇရပ်မြို့နယ်တပ်မှုး အဖြစ် အကျဉ်းမကျခင်အချိန်ထိ မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts