spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလွတ်မြောက်လာသည့်မွန်နိုင်ငံရေးအကျဉ်းသား ၂ ဦးကို မွန်လူငယ်အဖွဲ့ကြိုဆို

    လွတ်မြောက်လာသည့်မွန်နိုင်ငံရေးအကျဉ်းသား ၂ ဦးကို မွန်လူငယ်အဖွဲ့ကြိုဆို

    -

    ကျလွန်းထော – နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ဒေသအသီးသီးမှ မွန်လူငယ်များက မော်လမြိုင်မြို့၊မွန်ဓမ္မာရုံ၌ ယမန်နေ့တွင် အခမ်းအနားဖြင့် ကြိုဆိုပွဲကျင်းပခဲ့သည်။

    လွတ်မြောက်လာသည့်နို်င်ငံရေးအကျဉ်းသား မင်းမျိုးသွေနှင့် နိုင်ယက္ခ(Photo by Honsa-YPI)
    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အပြင် ဒေသအသီးသီးမှ မွန်လူငယ်ပေါင်း (၁၀၀) ကျော်တို့က ယမန်နေ့က အကျဉ်းထောင်မှလွတ်မြောက်လာသူ နိုင်ယက္ခနှင့် မင်းမျိုးသွေးတို့အား အမွှေးနံ့သာရေများဖြန်းခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု လူငယ်ခေါင်းဆောင် နိုင်ဟောင်တိန်းက ပြောသည်။

    “ကျနော်တို့ မျှော်လင့်ထားသလို အခုလိုလွတ်မြောက်လာတာ အရမ်းဝမ်သာပါတယ်၊ ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ သူတို့ပြောထားတဲ့ကတိစကားအတိုင်း လုပ်ဆောင်ပေးတယ်ဆိုတော့ အစိုးရအပေါ် မွန်လူထုတွေပိုမိုယုံကြည်လာပါတယ်” ဟု နိုင်ဟောင်တိန်းက ပြောသည်။

    ၄င်းကြိုဆိုပွဲသို့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များလည်း လိုက်ပါခဲ့ပြီး လူငယ်များအား မိန့်ခွန်းပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က “ထမင်းထုပ်ကိုပဲမြင်နေပြီး ဒုတ်ကို မမေ့လိုက်ကြနဲ့၊ ထာဝရအပစ်ခတ်ရပ်စဲရေးကို မတည်ဆောက်နိုင်သေးဘူး၊ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ အများကြီးရှိသေးတယ်” ဟု ကြိုဆိုပွဲတွင် ပြောကြားခဲ့သည်။

    ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မွန်ပြည်သစ်ပါဥက္ကဌ နိုင်ထောမွန်ထံသို့ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို အပ်နှံပေးခဲ့ပြီး ညနေပိုင်းတွင် ဒေသအသီးသီးမှ မွန်လူငယ်တို့က ကြိုဆိုပွဲအခမ်းအနားပြုလုပ်၍ လက်ဆောင်များလည်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

    “အခုလို နွေးနွေးထွေးထွေးနဲ့ လာရောက်ကြိုဆိုတာ အရမ်းကိုဝမ်းသာပါတယ်၊ လက်ရှိ အမျိုးသားရေးလုပ်ငန်းရဲ့ လိုအပ်တဲ့နေရာတွေမှာ ကျနော်တို့သတ္တိရှိရှိနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်” ဟု နိုင်ယက္ခက အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အကျဉ်းကျခံနေရသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့သည် မွန်ပြည်သစ်ပါတီတွင်တာဝန်ထမ်းဆောင်ရင်း ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရထောက်လှမ်းရေးများ အကွက်ဆင်ဖမ်းဆီးမှုကြောင့် ထောင်ဒဏ်တစ်သက် ကျခံခဲ့ရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks