spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမူးယစ်ရာဇာများကိစ္စ ဒီကေဘီအေသဘောထားထုတ်ပြန်

    မူးယစ်ရာဇာများကိစ္စ ဒီကေဘီအေသဘောထားထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – လတ်တလောထိုင်းနိုင်ငံမှအလိုရှိနေသည့် မူးယစ်ရာဇာများနှင့် ပတ်သက်သောအရေးယူမှုအပေါ် ယမန်နေ့ရက်စွဲဖြင့် ဒီကေဘီအေတပ်ဖွဲ့မှ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ဒီကေဘီအေတပ်ဖွဲ့အကြီးအကဲများ(Picture-DKBA)
    ယင်းထုတ်ပြန်ချက်တွင် “လူတစ်ဦး၊အဖွဲ့တစ်ဖွဲ့ကို စွပ်စွဲပြောဆိုမည်ဆိုလျှင် အလိုရှိသည်ဟု ဆုငွေထုတ်ရုံဖြင့်ပြီးပြည့်စုံပြီလား၊ ဘယ်သူက၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာတွေပြုလုပ်ခဲ့ပါဆိုသည့် တိကျခိုင်လုံသော အထောက်အထားများ ပြသဖို့တာဝန်ရှိသည်ဟု ယူဆပါသည်” ဟု ဒီကေဘီအေက အတိအလင်း တုန့်ပြန်ရေးသားထားသည်။

    ထို့နောက် မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟု သံသယရှိသည့်မည်သည့်နေရာဒေသမဆို ဝင်ရောက်ကြည့်ရှုနိုင်သည်ဟုလည်း အထက်ပါထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

    ထုတ်ပြန်ချက်၏နိဂုံးပိုင်းတွင် “စွပ်စွဲသူ ထိုင်းဒုတိယဝန်ကြီးချုပ်ဘမ်းရုမ်းအနေဖြင့် လာမည့်ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ကြည့်ရှုဖြေရှင်းပါရန် ဖိတ်ခေါ်အပ်ကြောင်း၊ လာရောက်ဖြေရှင်းမရှိပါက နိုင်ငံတကာဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်” ဟု ဖေါ်ပြပါရှိသည်။

    ဆုံဆည်းမြိုင်အခြေစိုက် ဒီကေဘီအေ၊ ကလို့ထူးဘောဌာနချုပ်၊ စစ်ဦးစီးမှူးတတိယတန်း ဗိုလ်ကြီးစောကိုမျိုးက “ထိုင်းအစိုးရနဲ့ကျနော်တို့ဒီကေဘီအေက တိုက်ရိုက်ရော သွယ်ဝိုက်ရော အဆက်အသွယ်မရှိကြပါဘူး၊ ဒီထုတ်ပြန်ကြေညာချက်ကို သူတို့ဆီအရောက်ပေးပို့ဖို့ စီစဉ်ထားပါပြီ” ဟု ပြောသည်။

    ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးဘုတ်အဖွဲ့ ONCB ၏ အင်တာနက်သတင်းစာမျက်နှာကို ကိုယ်းကား၍ လွန်ခဲ့သော ဧပြီလ ၂၀ ရက်တွင် ထိုင်းအမှတ်(၃) ရုပ်သံလိုင်းထုတ်လွှင့်ချက်တစ်ခု၌ ထိုင်းနိုင်ငံက အလိုရှိနေသော မူးယစ်ရာဇာ ၂၅ ဦးတွင် ကလို့ထူးဘောတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် အမည်စာရင်းပါဝင်လာသဖြင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဒီကေဘီအေအရာရှိက ပြောသည်။

    ၄င်း ၂၅ ဦးအနက် မြန်မာနိုင်ငံသားသုံးဦးပါရှိနေပြီး ထိုင်းနိုင်ငံ၏အလိုရှိဆုံး မူးယစ်ကုန်ကူးသူအဖြစ် ဖေါ်ပြထားရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၌ ခေါင်းဆောင်နေသူ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ခေါင်းဆောင် စိုင်းနော်ခမ်း၊ ရှမ်းပြည်နယ် ပြည်သူ့စစ်အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဦးယိဆေးနှင့် DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်နှုတ်ခမ်းမွေး(ခေါ်) စောလားပွယ်တို့ ပါရှိနေသည်။

    “ကျနော်တို့ ခိုင်ခိုင်မာမာလက်ခံရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် ခုလိုဆုံးဖြတ်ချက်ချလိုက်တာပါ” ဟု အထက်ပါရုပ်သံလွှင့်အစီအစဉ်တွင် ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

    အထက်ပါ ဒီကေဘီအေထုတ်ပြန်ချက်နှင့် ပတ်သက်၍ ထိုင်းအစိုးရထံမှ တရားဝင်ပြောကြားမှုများမရှိသေးဟု ဒီကေဘီအေအရာရှိထံမှ သိရသည်။

    ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့ မြန်မာနိုင်ငံတော်အစိုးရနှင့် ဒီကေဘီအေတို့အပစ်ရပ်စဲမှုသဘောတူညီချက် အပိုဒ်(၅)တွင် မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား ပြည်ထောင်စုအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည့်အချက် ပါရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks