spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်တိုင်းရင်းသားတို့၏ နိုင်ငံရေးပြဿနာကို အယင်ဖြေရှင်းမည်လော ရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ ဖြိုးရေးကိစ္စ အယင်ဆောင်ရွက်မည်လော

    တိုင်းရင်းသားတို့၏ နိုင်ငံရေးပြဿနာကို အယင်ဖြေရှင်းမည်လော ရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ ဖြိုးရေးကိစ္စ အယင်ဆောင်ရွက်မည်လော

    -

    သမတဦးသိန်းစိန်အစိုးရသည် ၂၀၁၁ ခုနှစ် နှောင်းပိုင်းကာလကတည်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် တွေ့ ဆုံကာ ‘ထာဝရငြိမ်းချမ်းရေး’ အတွက် ‘အပစ်အခတ်ရပ်စဲရေသဘောတူညီချက်’ ရရှိအောင် ဆောင်ရွက်ခဲ့သည်မှာ အများသိ ကမ္ဘာအသိပင် ဖြစ်ပေသည်။

    ယနေ့ အစိုးရ၏ ထာဝရငြိမ်းချမ်းရေး၏ ရည်မှန်းချက်ပန်းတို်င်ကား အဘယ်နည်း။ တိုင်းရင်းသားများ တောင်းဆို်သည့် တပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ရည်ရွယ်ခြင်းလော၊ တိုင်းရင်းသားများဒေသတွင် သေနတ်အသံများ တိတ်ဆိတ်သွားပြီးသည့်အခါ တိုင်းရင်းသားဒေသတွင် ဧရာမရင်းနှီးမြှပ်နှံမှုများ ပြုလုပ်သွားမည် ဖွံ့ ဖြိုးရေးလုပ်ငန်းများ ပြုလုပ်သွားမည် စသည့်ရည်မှန်းချက်ဖြင့်သာ ငြိမ်းချမ်းရေး တည်ဆောက်သွားမည်လော ယခုအချိန်အထိ မသဲကွဲသေးပေ။

    သမတဦးသိန်းစိန်မှ လွတ်တော်သို့ ပြောကြားသည့် မိန့် ခွန်းတရပ်တွင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်သည့်အခါ အပြန်အလှန်နားလည်ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ ဖြိုးတိုးတက်မှု ဆိုသည့် ဒေါက်တိုင်ကြီးသုံးတို်င်ဖြင့် တည်ဆောက်သွားမည် ဆိုထားပေသည်။ သမတ၏ မိန့် ခွန်းတွင် တို်င်းရင်းသားဒေသတွင် အခြေခံအဆောက်အဦများ၊ စီးပွာရေးလုပ်ငန်းများ၊ စက်မှုများ တည်ဆောက်သွားမည်ဖြစ်ပြီး နေရာပြန်လည်ချထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုထားပေသည်။ ‘လက်နက်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်တွေ လက်ပ်တော့ကိုင်နို်င်ပြီး ထယ်ထယ်ဝါဝါ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်’ ဟု ပြောကြားသွားပေသည်။

    သမတကြီးစကားရပ်အားလုံးသည် တိုင်းရင်းသားဒေသတွင် ရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ဦးစားပေးပြောကြားခဲ့သည်ကို တွေ့ ရပေသည်။ တိုင်းရင်းသားတို့ တောင်းဆိုသည့် တန်းတူရေးအပေါ် နိုင််ငံရေးအရ တန်းတူရေးအပေါ် ထည့်မတွက်ပဲ စီးပွားရေးအရ တန်းတူရေး၊ တိုင်းရင်းသားဒေသအတွင်း ဖွံ့ ဖြိုးရေးနောက်ကျနေသည်များကို ဖွ့ံ ဖြိုးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် တို်င်းရင်းသားလူမျိုးစုများ လက်နက်ကိုင်စရာ မလိုအပ်ပဲ လက်ပ်တောံကွန်ပြူတာများ ကိုင်နိုင်မည် ဆိုပါက နိုင်ငံရေးပြဿနာအားလုံး ပြေလည်သွားမည်ဟု ယုံကြည်ထားပေသည်။

    သမတကြီးမှ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် ပြောကြားနေသည့်အချိန်တွင် ဗမာ့တပ်မတော်မှ ကချင်ဒေသတွင် အကြီးအကျယ် ထိုးစစ်ဆင်လျှက် ရှိသည်။ ထိုထိုးစစ်ကြောင့် ကချင်ဒုက္ခသည် (၈၀၀၀၀) ခန့် ဒုက္ခရောက်ကြရသည်။ ထိုထိုးစစ်ကို တပ်မတော်မှ ရပ်တန့် သွားအောင် သမတမှ အဘယ့်ကြောင့် မရပ်တန့် နိုင်ပါသနည်း။ စင်စစ် ကချင်ဒေသတိုက်ပွဲသည် တရုတ်ကမ္မဏီတို့ ၏ အကျိုးစီးပွားအတွက် အစိုးရနှင့် တပ်မတော်မှ သဘောတူ တိုက်ခိုက်သည့် တိုက်ပွဲပင်ဖြစ်ပေသည်။ ထို့ ကြောင့် ဦးသိန်းစိန် အစိုးရသည် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကိစ္စအထက် ကချင်ဒေသအတွင်း တရုပ်ကုမ္မဏီများ ရင်းနှီးမြှပ်နှံမည့်နေရာဒေသကိုုသာ ထိမ်းထားရန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ပေသည်။

    ထို့ ကြောင့် တို်င်းရင်းသားခေါင်းဆောင်များအနေဖြင့် နှစ်ပေါင်း (၅၀) ကျော် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင် ဖြေရှင်းမည်လော (သို့ တည်းမဟုတ်) အစိုးရမှ ပေးအပ်လာမည့် ဧရာမဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လက်ခံမည်လော အထူးအရေးပေးစဉ်းစားရပေမည်။

    အစိုးရအနေဖြင့်ကား ဖွ့ံ ဖြိုးရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် တိုင်းရင်းသားအတွင်း စီးပွားရေး လူမူရေး တန်းတူရေးကို ဦးစားပေး ဆောင်ရွက်သွားရန် စီစဉ်ထားရှိပြီး နိုင်ငံရေးအရ တန်းတူရေးပြဿနာကို အတတ်နိုင်ဆုံး ရွေ. ဆိုင်းထားမည် ဖြစ်ပေသည်။ ထို့ ကြောင့် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအရ အမျိုးသားတန်းတူရေးကို အာမခံချက် ပေးနိုင်သည့် နိုင်ငံရေးပြဿနာကို အယင်ဖြေရှင်းရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks