spot_img
Wednesday, August 6, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့မဲရုံများတွင် ကြံ့ခိုင်ဖွံဖြိုးရေး စည်းကမ်းဖောက်

    မော်လမြိုင်မြို့မဲရုံများတွင် ကြံ့ခိုင်ဖွံဖြိုးရေး စည်းကမ်းဖောက်

    -

    မင်းအဲ – မော်လမြိုင်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုများရှိနေသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

    ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်စိုးမိုးနိုင် (ခ) ဦးပီတာ Photo - IMNA
    “နယ်မှာရှိတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ ပါတီအဖွဲ့ဝင်များကိုခေါ်လာပြီးတော့ မော်လမြိုင်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းများကို ပေးနေထိုင်ကြပြီး၊ ဒီနေ့ ဆယ်နာရီခန့် မြိူင်သာယာ မဲရုံအမှတ် ၃ မှာပေးပြီးတော့ ဟိုကျွဲခြံကုန်းရွာ မဲရုံအမှတ် (၁) မှာလည်းထပ်သွားပေးနေကြတယ်” ဟု မော်လမြိုင်မြို့ပေါ်ရှိ မဲဆန္ဒရှင်တစ်ဦးမှ ပြောသည်။

    ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ မဲရုံများသို့ ၀င်ကာ မဲဆန္ဒရှင်များအား မဲပြားတွင်ရှိသည့် ၎င်းတို့၏နေရာတွင် လက်ညိုးထိုးပြီး မဲထည့်ခိုင်းခြင်းများလည်း ရှိသည်ဟု NLD ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    “မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ လှုပ်ရှာခွင့်မရှိဘူးလို့ ထုတ်ထားပေးမဲ့ အချို့ ကြံ့ဖွံ့ပါတီအဖွဲ့ဝင်များက မဲဆန္ဒရှင်ကို လက်ညိုးထိုးပြီး ပေးထည့်ခိုင်နေကြသည်။ မဲဆွယ်စည်းရုံနေတာတွေတော့ ရှိနေသေးတယ်” ဟု NLD (မော်လမြိုင်) မှ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ပြောပါသည်။

    မဲပြားများကို ဖယောင်းသုပ် ထားခြင်းများလည်း ရှိသည်ဟု မော်လမြိုင်မြို့မှ NLD အောင်နိုင်ရေးကော်မီတီဝင် တဦးကပြောသည်။

    “မော်လမြိုင်မြို့ မဲဆန္ဒနယ်တွင် မဲရုံးအချို့တွင်ရှိတဲ့မဲပြာများ အမှတ်ခြစ်လေထောင့်ကွက် နေရာမှာ ဖယောင်းတိုင်သုတ်ထားတယ်၊ မဲဆန္ဒရှင်တို့ ခြစ်တဲ့အခါမှာ ပယ်မဲဖြစ်အောင်လုပ်ထားတယ်လို့” ဟုပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,200SubscribersSubscribe
    spot_img

    Latest posts