Monday, May 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ ပထမနေရာတွင် ဦးဆောင်နေ

    မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ ပထမနေရာတွင် ဦးဆောင်နေ

    -

    ခတ္တာနန်း – မော်လမြိုင်မြို့နယ်အတွင်း ယခုကျင်းပသည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာ တနေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD) ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ် ရနိုင်မည်ဟု မျှော်လင့်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ပြောပါသည်။

    ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်
    “ လက်ရှိအနေအထားမှာ ကျနော်တို့ အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်၊ ဘာလို့လည်း ဆိုတော့ ရပ်ကွက်တွေမှာလည်း မတရားနည်းနဲ့ ဖြစ်တဲ့နေရာက လွဲရင်တော့ အခြေအနေကောင်းတယ်လို့ ပြောနိုင်ပါတယ်” ဟု NLD (မော်လမြိုင်) မှ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ဆက်ပြောပါသည်။

    ယခု လက်ရှိအခြေအနေအရ ခန့်မှန်းချေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပထမနေရာတွင် ဦးဆောင်နေကြောင်းနှင့် ဒုတိတယနေရာတွင် ပြည်ခိုင်ဖြိုးပါတီ (USDP) ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် တတိယနေရာ လိုက်နေကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်း ပြောကြားခဲ့သည်။

    “ အခု မြို့နယ်ကော်မရှင်ရုံမှာတော့ ကြိုတင်မဲကို ရေတွက်နေကြပြီး၊ မော်လမြိုင်မြို့နယ်မှာက မဲရုံပေါင်း ၁၁၉ ရုံရှိတယ် ဆိုတော့ မဲရုံပိတ်တဲ့အချိန်မှာ ဒီနေ့ ရေတွက်လို့ ပြီးမှာ မဟုတ်ဘူး၊ ကျနော်တို့ ပါတီကနေပြီးတော့ မဲရုံတိုင်းမှာ ကိုယ်စားလှယ်လွှတ်ထားတာ ရှိပါတယ်၊ အခုအချိန်တော့ အတိအကျ မသိနိုင်သေးဘူး” ဟု ၎င်းက ဆက်ပြောပါသည်။

    မော်လမြိုင်မဲဆန္ဒနယ်တွင် ဆန္ဒမဲကဒ်ပြားပြဿနာနှင့် အခြားသော စည်းရုံးရေး ပြသနာများ ဖြစ်နေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပထမနေရာတွင် ဦဆောင်နေကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks