Friday, March 13, 2026
More
    spot_img
    Homeသတင်းနယ်စပ်ဘုရားသုံးဆူ ကားလမ်းပေါ် ဗမာ့တပ်မတော်မှ အခမဲ့ဆေးကုခန်းဖွင့်

    နယ်စပ်ဘုရားသုံးဆူ ကားလမ်းပေါ် ဗမာ့တပ်မတော်မှ အခမဲ့ဆေးကုခန်းဖွင့်

    -

    ကျလွန်းထော – ဘုရားသုံးဆူမြို့နယ် အနန်းကွင်းကျေးရွာတွင် ဗျုဟာမှုး ဗိုလ်မှုကြီး အောင်နိုင်ဦးက ဦးစီးပြီး ခရီးသွားပြည်သူများအတွက် အခမဲ့ဆေးကုခန်းကို ပြီးခဲ့သည့် ရက်သတ္တပါတ်က ဖွင့်လှစ်ပေးခဲ့သည်။

    လမ်းခရီးကြမ်းတမ်းသဖြင့် ခရီးသွားနေစဉ်တွင်း ဒါဏ်ရာရရှိသူများ၊ မူးမော၍ မကျန်းမမာဖြစ်နေသည့် ခရီးသွားများကို အချိန်မှီကုသပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ဆေးကုခန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဗျုဟာမှုး၏အဆိုကို စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်း ဆရာဇေယျာလွင်က ပြောသည်။

    စေတနာ အခမဲ့ ဆေးကုခန်း
    ခရီးသွားဧည့်သည်များ ခရီးလမ်းအတွင်း ဆေးကုသမှုကြုံလာပါက အချိန်မှီကုပေးနိုင်ခဲ့သည်ဟု ဆရာ ဇေယျာလွင် က ပြောသည်။

    “ခရီးသွားနေတဲ့သူတွေ ထိမိရှမိလို့ ဒါဏ်ရာ ရသွားတဲ့သူတွေ၊ ခေါင်းမူးခေါင်းကိုက်တာတွေ၊ ကျနော်တို့က တတ်နိုင်သလောက် အခမဲ့ ကုပေးပါတယ်” ဟု ဆရာ ဇေယျာလွင်က ပြောသည်။

    အနန်းကွင်းကျေးရွာသည် သံဖြူဇရပ်မြို့မှ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ သွားသည့် ကားလမ်းမပေါ်တွင်ရှိသည်။

    ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်အတွက် သံဖြူဇရပ်မြို့မှလာသည့် ခရီးသွားတစ်ဦးက ဒါဏ်ရာအပြင်းအထန်ရရှိရာ ၄င်းဆရာဇေယျာလွင်မှ အချိန်မှီ ခွဲစိတ်ကုသပေးခဲ့သည်ဟု ဆေးခန်းအနီးရှိ စျေးဆိုင်ခန်းပိုင်ရှင်က ပြောသည်။

    လက်ရှိ အနန်းကွင်းကျေးရွာတွင် မြန်မာစစ်တပ်မှ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံ နည်းဗျူဟာ (၁) မှ အလှည့်ကျရှေ့တန်းစစ်ဗျူဟာရုံး အခြေစိုက်ထားသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့ ပြာသိုလပြည့်နေ့တွင် အနန်းကွင်းရွာ ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၅၁) ဦး ထိခိုက်ဒဏ်ရာရရှိကာ ၄ ဦး သေဆုံးသွားခဲ့သည်။

    သံဖြူဇရပ်မြို့ – အနန်းကွင်း – ဘုရားသုံးဆူမြို့ ကားလမ်းမတလျှောက်၏ သုံးပုံ နှစ်ပုံခန့်ကို ကေအဲန်ယူတပ်မဟာ (၆) မှ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks