spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းခွဲထွက် မွန်တပ်ဖွဲ့ ခေါင်းဆောင် ကိုရင်သန်းလွင် တိုက်ပွဲတွင် ကျဆုံး

    ခွဲထွက် မွန်တပ်ဖွဲ့ ခေါင်းဆောင် ကိုရင်သန်းလွင် တိုက်ပွဲတွင် ကျဆုံး

    -

    ခတ္တာနန်း – ယမန်နေ့က မွန်အမျိုးသားကာကွယ်ရေးတပ် အမည်ခံ ကိုရင်သန်းလွင် ဦးဆောင်သည့် မွန်တပ်ဖွဲ့တဖွဲ့ နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားရာ အဖွဲ့ခေါင်ဆောင် ကိုရင်သန်းလွင်နှင့် အတူ လက်ထောက်တစ်ဦး ကျဆုံးသွားပြီး တစ်ဦးဒဏ်ရာရကြောင်း သိရသည်။

    “တိုက်ပွဲက မနေ့မနက် ရ နာရီခွဲလောက်က ဖြစ်တာ၊ ကိုရင်သန်းလွင်တို့ဘက်က အင်အား ၁၅ ယောက်လောက်တော့ ရှိလိမ့်မယ်၊ တိုက်ပွဲမှာ ကိုရင်သန်းလွင် ကျသွားတယ်” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

    မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်တွင်းရှိ ကြာအင်းဆိတ်ကြီးမြို့နယ် တောင်ပေါက်ရွာနှင့် နောင်ဘုရင့်ရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “ တိုက်ပွဲကနေ လက်နက်ကြီးတစ်လက်ရယ် M -16 တစ်လက်၊ ကာဗိုင်တစ်လက်နဲ့ စကားပြောစက် ၃ လုံး သိမ်းဆည်း ရခဲ့တယ်၊ နောက်ပြီး ခေါင်ဆောင် ကိုရင်သန်းလွင်နဲ့ သူ့ရဲ့လက်ထောက်တဦး ကျဆုံးသွားတယ် တစ်ယောက်ဒဏ်ရာရတယ် တိုက်ပွဲအချိန်က သိပ်မကြာပါဘူး မိနစ် ၂၀ ဝန်းကျင်လောက်ပါပဲ” ဟု မော်လမြိုင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

    မွန်ပြည်သစ်ပါတီနှင့် ထိုမွန်တပ်ဖွဲ့တို့သည် ယခုမတ်လဆန်းတွင် ကျိုက်မရောမြို့နယ် တောင်ကလေးရွာသစ် (ကနာလိုရွာ) တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးမှ တစ်ဦးတစ်ယောက်မျှ သေကျေဒဏ်ရာ ရမှု မရခဲ့ကြောင်း သိရသည်။

    ကိုရင်သန်းလွင်ဦးဆောင်သည့် မွန်တပ်ဖွဲ့သည် ယမန်နှစ်က မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင်လည်း ဆက်ကြေးကောက်ခံပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာရေးသားပေးပို့ပြီး တောင်းခံခဲ့ကြောင်း သိရသည်။

    ၂၀၁၁ ခုနှစ်တွင်လည်း ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နှင့် ပူပေါင်းပြီး မုဒုံ – သံဖြူဇရပ်ကားလမ်း ကန်ထရိုက် ရရှိထားသည့် အေကို (AK) လမ်းတံတား ဆောက်လုပ် ပြုပြင်ရေးကုမ္မဏီ အလုပ်သမားဝန်ထမ်းတစ်ဦးအား ပြန်ပေးဆွဲကာ ငွေတောင်းဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks