spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မဲစာရင်းမှားယွင်းမှု တစ်သောင်းဝန်ကျင်ရှိဟု မွန်ပါတီပြော

    မွန်ပြည်နယ် မဲစာရင်းမှားယွင်းမှု တစ်သောင်းဝန်ကျင်ရှိဟု မွန်ပါတီပြော

    -

    မင်းအဲ – မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဲဆန္ဒနယ်မှာ မဲစာရင်းမှားယွင်းမှု တစ်သောင်းဝန်းကျင်ခန့် ရှိသည်ဟု မွန်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌက ပြောသည်။

    ကော့နှပ် ကျေးရွာတွင် ဒေါ်မြင့်မြင့်ဝေ လက်ကမ်းကြော်ငြာကို ဖတ်နေသည့် ပြည်သူတဦး( ဓာတ်ပုံ-YPI )
    “မဲပေးသူစာရင်းက အနည်းဆုံးတစ်သောင်လောက်မှားယွင်းမှုရှိတယ်၊ သေတဲ့လူလည်း မဲစာရင်း ထည့်ထားတယ်။ ရွာမှာမရှိတဲ့လူလည်း မဲစာရင်းပါနေတယ်။ စာရင်းမှာ နာမည်ပိုနေတယ်၊ တချို့မိသားစုတစ်စုဆိုရင် မဲစားရင်ပျောက်တာ အများကြီတွေ့တယ်” ဟု မွန်ပါတီအောင်နိုင်ရေး ဥက္ကဌ နိုင်အောင်ချမ်းက ပြောသည်။

    မဲစာရင်း မှားယွင်းမှု ရှိသည်များကို မဲကော်မရှင်ရုံးသို သွားရောက်ပြောဆိုပါက ပြန်လည်ပြင်ဆင် ပေးသော်လည်း မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများမှ လုပ်ဆောင်မှုများ မရှိဟုလည်း ဥက္ကဌ နိုင်အောင်ချမ်းက ဆက်လက်ပြောသွားသည်။

    ကြားဖြတ်ရွေးကောက်ပွဲတွင် မဲထည့်လို၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကြည့်ရှု့ရာ မိသားစုဝင်များ၏ နာမည်စာရင်း အားလုံးမပါ၀င်ဟု မော်လမြိုင်မြို့ပေါ်ရှိ မဲဆန္ဒရှင်တဦးက ပြောသည်။

    ကော့နှပ် ကျေးရွာတွင် ဒေါ်မြင့်မြင့်ဝေ လက်ကမ်းကြော်ငြာကို ဖတ်နေသည့် ပြည်သူတဦး( ဓာတ်ပုံ-YPI )
    “ကျမတို့မှာ မိသားစုအပါအဝင်အားလုံး လူ  ၅ ယောက်ရှိတယ်၊ ကျမ အမေနဲ့ ညီမက NLDပါတီကိုပဲ မဲထည့်ချင်တယ်၊ ကျမက မွန်ပါတီကိုပဲထည့်ချင်တယ် နာမည်မပါလို့ နာမည်သွားထည့်တယ်ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကိုရောက်မှ ကျမ အမေနဲ့ည်ီမက နာမည်မပါဘူးလို့ သူတို့ပြောပြတယ်၊ မွန်ပါတီနဲ့အန်အဲလ်ဒီကိုပဲ မဲထည့်ချင်တဲ့ အတွက်ကြောင်း အမည်စာရင်းမလုပ်ပေးချင်တော့ဘူး” ဟုသူကဆက် ပြောသည်။

    ထို့အပြင် ကတိုး၊ ကော့နှတ် ရွာများတွင် မြို့နယ်အုပ်ချူပ်ရေးမှူးများမှ ပြည်ပသို့ ရောက်ရှိနေသူများ၏ နာမည်စာရင်းထည့်ထားခြင်း၊ အခြားမြို့တွင် ကျောင်းတက်နေသော ကျောင်းသူ/သားများ၏ နာမည်စာရင်းများ ထည့်ထားပြီး ကြိုတင်မဲအဖြစ် သတ်မှတ်လိုက်သည်ဟု ဥက္ကဌ နိုင်အောင်ချမ်းက ပြောသည်။

    အလားတူ တောင်ငူမြို့ဖက်တွင်လည်း မဲစာရင်းများ ထုတ်ပြန်ကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူများ ကျန်နေခဲ့ခြင်း၊ မှတ်ပုံတင်အမှတ် မှားယွင်းခြင်း၊ မိဘအမည် မှားယွင်းခြင်းစသည့်တို့ ဖြစ်ပေါ်နေကြောင်း မဲဆန္ဒရှင် အများစုက ပြောကြသည်။

    ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ခုလုံ၌ မဲဆန္ဒရှင်စုစုပေါင်း ၆၄၈၄၅၆၂ ဦး (ခြောက်ဆယ်လေးသန်ကျော်) ရှိပြီး မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်တွင်မူ ၁၅၈ ၀၀၀ (တသိန်းငါးသောင်းရှစ်ထောင်) ခန့်ရှိသည်သိရသည်။

    မြန်မာတနိုင်ငံလုံးအတွင်းရှိ လစ်လပ်နေရာ ၄၅ နေရာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းအထဲမှ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်နေရာပါ၀င်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks